8.3
783,231
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.9 GB

Credit

500

Full Metal Jacket (1987)

Drama, War

Credits 500

ဂျိုကာနဲ့ပလိုင်းလို့ခေါ်တဲ့လူငယ်နှစစ်ယောက်အပါအဝင်အမေရိကန်နိုင်ငံပြည်နယ်အနှံအပြားမှာရှိတဲ့လူငယ်တွေဟာဗီယက်နမ်စစ်ပွဲမှာပါဝင်တိုက်ခိုက်ဖို့အတွက်မရိန်းတပ်နည်းပြတပ်ကြပ်ကြီးဟတ်မန်းလက်အောက်မှာစစ်သင်တန်းလာတက်ကြပါတယ်။တပ်ကြပ်ကြီးဟတ်မန်းဆိုတာစည်းကမ်းတင်းကျပ်ကြမ်းတမ်းတယ်လို့နာမည်ကျော်နေသူတစ်ယောက်။အဲဒီလိုစစ်ပညာလေ့လာသင်ယူရင်းနှေးကွေးထုံအလွန်းတဲ့ဖက်တီးလေးပလိုင်းကိုတပ်သားဂျိုကာကဖေးမကူညီစစ်ပညာတွေသေချာသင်ယူနိုင်ဖို့တဖက်တလမ်းကကူညီပေးရာမှသူတို့ခင်မင်လာကြတယ်။တပ်သားဂျိုကာဟာသူမှန်တယ်လို့ယုံကြည်ထားရင်သင်တန်းဆရာအရိုက်အနှက်ခံပြီးခံငြင်းရဲတဲ့သူတစ်ယောက်ပါ။ ပလိုင်းကတော့တပ်ထဲမှာစည်းကမ်းနဲ့မညီတဲ့အမှားတွေမကြာခဏလုပ်မိတဲ့အတွက်တပ်စုတစ်ဖွဲ့လုံးသူ့ကြောင့်အပြစ်ပေးခံရလို့လူမုန်းမတစ်ရက်ပလိုင်းကိုတပ်သားအချင်းချင်းနှိပ်စက်အနိုင်ကျင့်ရာမှပလိုင်းတစ်ယောက်စိတ်ဒဏ်ရာရသွားခဲ့တယ်။သင်တန်းဆင်းမယ့်ရက်တစ်ရက်အလိုမှာတပ်သားပလိုင်းစိတ်ဖောက်ပြန်ပြီးနည်းပြကိုပစ်သတ်ကာသူ့ကိုါ်။တပ်သားဂျိုကာကတော့အဲဒီဖြစ်ရပ်မှာပလိုင်းကိုအများနဲ့တစ်ယောက်ဖြစ်နေလို့သူမကူညီနိုင်ခဲ့တာအကြောင်းပြုပြီးစိတ်မကောင်းဖြစ်နေရသူပါ။ပလိုင်းကအရင်လိုအမှားတွေမလုပ်တော့ပဲစစ်ပညာကိုကြိုးကြိုးစားစားသင်ယူလာတယ်။ စစ်သင်တန်းဆင်းတော့မယ့်တစ်ရက်အလိုမှာပလိုင်းတစ်ယောက်စိတ်ဖောက်ပြန်ကာသင်တန်းဆရာကိုပစ်သတ်ပြီးသူ့ကိုယ်သူအဆုံးစီရင်သွားတာဂျိုကာမြင်လိုက်ရတယ်။အဲဒီလိုစရိုက်အမျိုးမျိုးစိတ်အထွေထွေရှိကြတဲ့သူတို့တပ်စိပ်ဟာသင်တန်းပြီးလို့တိုက်ပွဲစစ်မျက်နှာပြင်ရှေ့တန်းထွက်ရတဲ့အခါရန်သူတွေကိုဘယ်လိုချေမှုန်းတိုက်ခိုက်ကြမလဲ။ဘယ်လိုအခက်အခဲအကျပ်အတည်းတွေရင်ဆိုင်ရမလဲ။ရန်သူ့ပစ်ချက်အောက်မှာနိုင်ငံအတွက်ဘယ်သူတွေကအသက်ပေးလှူသွားရမလဲ။ဘယ်သူတွေအသက်ရှင်ရက်အမိမြေကိုပြန်လာခွင့်ရမလဲဆိုတာတွေကိုဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Myomyo Nyo Win ဖြစ်ပါတယ်