2.8
8,588
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.2 GB

Credit

500

Anaconda 3: Offspring (2008)

Action, Adventure, Horror

Credits 500

ဒီတစ်ခေါက် အန်နာကွန်ဒါရုပ်ရှင်မှာတော့ နာမည်ထဲကအတိုင်း မြွေသားပေါက်လေးတွေပါပါလာမှာပါ။ မြွေကြီးတွေကလည်း တောရိုင်းထဲမှာမဟုတ်ဘဲ သုတေသနလုပ်ဖို့ ရည်ရွယ်ချက်နဲ့ စမ်းသပ်ခန်းထဲရောက်နေပါတယ်။ သွေးသစ်ခွကနေထုတ်ထားတဲ့ သွေးရည်ကြည်ကို ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတွေကုတဲ့ဆေးဖော်ဖို့ မြွေတွေထဲကို ထည့်ပြီးစမ်းသပ်နေတာပါ။ ဒါကရက်စက်တဲ့စမ်းသပ်မှု ဖြစ်တာ‌‌မို့ သတင်းတွေထွက်နေပြီး ဆေးဖော်နေတဲ့ကုမ္ပဏီက လိုက်ပိတ်နေရပါတယ်။ သုတေသနခန်းမှာလည်း မြွေအမနဲ့အထီးက မျိုးဗီဇပြောင်းတာကြောင့် အရင်ကထက် ပိုကြီးလာ ရန်လိုလာပြီး အားသန်လာပါတယ်။ အစာစားချင်စိတ်လည်း တိုးလာတာကြောင့် ဒေါသတကြီးဖြစ်နေပါတယ်။ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူ ဒေါက်တာအမန်ဒါက စိုးရိမ်စရာတွေဖြစ်လာတာမို့ ခိုင်ခံ့လုံခြုံတဲ့ လှောင်အိမ်တွေ တောင်းဆိုထားပေမယ့် စီးပွားရေးသမားတွေက သုတေသနရပ်သွားမှာစိုးလို့ မလုပ်ပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဒေါသကြီးနေတဲ့ အန်နာကွန်ဒါစုံတွဲက စမ်းသပ်ခန်းကနေ လွတ်သွားတဲ့အခါမှာတော့ ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်။ မြွေအမမှာ ဇီးရှိနေတဲ့အတွက်ရော ပြည်သူတွေအတွက်ပါ အန္တရာယ်ရှိလာတဲ့အတွက် အမန်ဒါတို့က မြွေတွေနောက်လိုက်ရတဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်