6.8
134,653
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

8.7 GB

Credit

500

The Creator (2023)

Action, Adventure, Drama

Credits 500

ဒီဇာတ်ကားလေးကတော့ Action, Adventure, Drama အမျိုးအစားဖြစ်ပြီး AI နည်းပညာသုံးစက်ရုပ်တွေနဲ့လူသားတွေရဲ့စစ်ပွဲကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ နည်းပညာတွေထွန်းကားလာတော့ လူသားတွေဟာ AI နည်းပညာကိုအသုံးချပြီး လက်တွေ့ဘဝရဲ့အခန်းကဏ္ဍတိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလို စစ်ဘက်ရေးရာမှာလည်းအသုံးပြုလာခဲ့ပါတယ်။ တစ်နေ့မှာတော့ AI နည်းပညာသုံးစက်ရုပ်တွေကြောင့် လော့စ်အိန်ဂျလိစ်မြို့ဟာ နျူကလီးယားဗုံးကျဲခံလိုက်ရပြီး လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်အပြီးမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်းနိုင်ငံတွေက AI နည်းပညာကို လုံးဝပိတ်ပင်ခဲ့ပြီး အာရှပြည်ထောင်စုသစ်လို့ခေါ်တဲ့အာရှတိုက်တစ်ခွင်မှာတော့ AI နည်းပညာသုံးစက်ရုပ်တွေနဲ့ အတူယှဉ်တွဲပြီးနေထိုင်နေကြပါတယ်။ အမေရိကန်တွေဟာ ၃ ထရီလီယံချီအကုန်အကျခံပြီးနိုးမက်ဒ်ဆိုတဲ့ လေပေါ်စစ်စခန်းကြီးကို တည်ဆောက်ကာ စက်ရုပ်တွေရဲ့စခန်းတွေကိုဒုံးကျည်နဲ့လိုက်လံဖျက်ဆီးနေပြီး တစ်ဖက်မှာလည်း နာမာတာဆိုတဲ့လူက နိုးမက်ဒ်ကို ဖျက်ဆီးပစ်ဖို့ လက်နက်တစ်ခုဖန်တီးလိုက်ပါတယ်။ ဒီတော့ အမေရိကန်တွေဟာ အဲဒီလက်နက်ကိုအသည်းအသန် လိုက်ရှာပြီး ဖျက်ဆီးဖို့ကြိုးစားပါတော့တယ်။ ဂျိုးရှုအာဟာ စက်ရုပ်တွေနေတဲ့ရွာတစ်ခုမှာ အသွင်ယူပြီး လက်နက်ရဲ့တည်နေရာကို စုံစမ်းဖို့ကြိုးစားရင်း နာမာတာရဲ့သမီးဖြစ်သူ မာရာနဲ့ ချစ်ကြိုက်သွားပြီး မိသားစုဘဝလေးကိုတည်ထောက်ဖို့မျှော်လင့်ထားပေမယ့် တစ်ညမှာတော့ နိုးမက်ဒ်ရဲ့တိုက်ခိုက်မှုကြောင့် သူ့မိန်းမနဲ့သူ့ရဲ့ရင်သွေးလေးကိုပါ ဆုံးရှုံးလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဂျိုးရှုအာကတော့ မာရာကိုအသက်ရှင်နေသေးတယ်လို့ယုံကြည်ပြီး ဆက်လက်ရှာဖွေနေခဲ့ပါတယ်။ အဲဒီတော့ ဂျိုးရှုအာဟာ သူ့မိန်းမမာရာကို ပြန်ရှာတွေ့နိုင်မလား။ လူသားတွေနဲ့ စက်ရုပ်တွေကြားက တိုက်ပွဲကိုရော အဆုံးသတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။