6.1
115,152
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.9 GB

Credit

100

Hannibal Rising (2007)

Adventure, Crime, Drama

Credits 100

ဒီ ဇာတ်ကားဟာဆိုရင် 1991 မှာ ထွက်ရှိခဲ့တဲ့ The Silence of the Lambs ထဲမှာ ပါဝင်တဲ့ Hannibal Lector ရဲ့ ငယ်ဘဝ ဇာတ်ကြောင်းပဲဖြစ်ပါတယ် ။ ဒီဇာတ်လမ်းရဲ့ ရှေ့က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးရင် Hannibal Lector ဟာ ‌လူသားစားတယ်ဆိုတဲ့ အမှု နဲ့ စိတ်ကျန်းမာရေးအခန်းမှာ ချုပ်နှောင်ခံရတဲ့ ဆရာဝန် တစ်ဦးဖြစ်ကြောင်း သိရပါလိမ့်မယ် ။ သူဟာ ဘာလို့ ဒီလိုတွေ လုပ်နေခဲ့ရတာလဲ ။ Hannibal Lector ဟာ ကလေးဘဝမှာ စစ်ပွဲတွေကြား မိဘများကို ဆုံးရှုံးခဲ့ရပြီး ညီမဖြစ်သူကို နာဇီ တွေက သတ်ဖြတ် စားသောက်သွားခဲ့ကြပါတယ် ။ ဒီကိစ္စမှာ Hannibal Lector ဟာ မိဘမဲ့ဘဝကို ရောက်ရှိသွားပြီး အဒေါ်ဖြစ်သူဆီက မွေးစားခြင်းခံရပါတယ် ။ အဲ့နောက်မှာ ဆေးပညာကို သင်ယူခဲ့ပြီး ညီမဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ လူတစ်စုကို ရှာဖွေပြီး ကလဲ့စားချေခဲ့ပါတော့တယ် ။ ဒီဇာတ်ကားဟာဆိုရင် စိတ်ဝင်စားစရာကောင်းစွာ အဆုံးထိ ကြည့်ရှုချင်အောင် စွဲခေါ်သွားနိုင်ပြီး ဇာတ်ဆောင်ဖြစ်သူ Young Hannibal ဟာလဲ အရင် ဇာတ်ကားတွေထဲက Hannibal Lector နဲ့ လေယူလေသိမ်း မျက်နှာထားက အစ တစ်ပုံစံတည်းတူအောင် သရုပ်ဆောင်ထားနိုင်တာကလဲ ဒီဇာတ်ကားရဲ့ ဆွဲဆောင်မှု တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းရော သရုပ်ဆောင်ပိုင်းရော ဟာကွက်မရှိအောင် ကောင်းမွန်လွန်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် စိတ်ဝင်စားဖွယ် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။