5.6
23,510
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

2.8 GB

Credit

500

Goosebumps 2: Haunted Halloween (2018)

Adventure, Comedy, Fantasy

Credits 500

နံပါတ်​ 1 နဲ့ ​အောင်​မြင်​လာတဲ့ Goosebumps ဟာ အခုနံပါတ်​ 2 ဆက်​လက်​ထွက်​ရှိလာပါတယ်​။ နံပါတ်​ 1 မှာ​တော့ စာအုပ်​ထဲက သရဲ​တွေ ထွက်​လာတာဖြစ်​ပြီး နံပါတ်​ 2 ရဲ့ ဇာတ်​လမ်​း​လေးက​တော့ ဒီလိုဗျ။ နီကိုလတ်​စ်​ တက်​စ်​လာရဲ့ မြို့​လေးဖြစ်​တဲ့ ဝါဒန်​ကလိုက်​ဖ်​မှာ အမှိုက်​ညီ​နောင်​များလို့ သူတို့ကိုယ်​သူတို့​ခေါ်တဲ့ ဆိုနီနဲ့ ဆမ်​ဆိုတဲ့ သူငယ်​ချင်​းနှစ်​​ယောက်​ရှိပါတယ်​။ သူတို့ဟာ အမှိုက်​​ဟောင်​း​တွေကို ​လိုက်​ရှင်​းပြီး​တော့ ရတနာပစ္စည်​း​တွေ​တွေ့လာမယ်​လို့ စိတ်​ကူးယဉ်​​နေတဲ့ ခ​လေးနှစ်​​ယောက်​ပဲ ဖြစ်​ပါတယ်​။ တစ်​​နေ့မှာ​တော့ အမှိုက်​ညီ​နောင်​ထံကို ဖုန်​းဝင်​လာပြီးတဲ့​နောက်​မှာ ဖုန်​းထဲက လိပ်​စာ​နောက်​လိုက်​ရင်​း လူသူစွန်​့ပစ်​ထားတဲ့ အိမ်​ပျက်​ကြီးတစ်​ခုဆီ ​ရောက်​လာကြပါတယ်​။ အဲဒီ့​ကြောက်​စရာ​ကောင်​းတဲ့ အိမ်​ပျက်​ကြီးကို ရှင်​းလင်​းရင်​းနဲ့ အမှတ်​မထင်​ ​သေတ္တာတစ်​လုံးက်ို ​တွေ့ရှိခဲ့ပြီး ရတနာပစ္စည်​း​တွေ ပါမယ်​လို့ ​မျှော်​လင်​့ပြီး အားရပါးရဖွင်​့လိုက်​​ပေမယ်​့ အထဲမှာ စာအုပ်​​လေးတစ်​အုပ်​သာ ​သော့ခတ်​လျက်​ရှိ​နေတာကို ​တွေ့ရပါတယ်​။ မကြာမှီမှာပဲ စာအုပ်​​လေးနားမှာ ဆလပ်​ပီလို့​ခေါ်တဲ့ အရုပ်​တစ်​ရုပ်​​ပေါ်လာခဲ့ပြီး ဆလပ်​ပီကသူ့အစွမ်​း​တွေနဲ့ ဆမ်​နဲ့ ဆိုနီရဲ့အခက်​အခဲ​တွေကို ကူညီ​ပေးခဲ့ပါတယ်​။ ဒါ​ပေမယ်​့ တစ်​ဖြည်​းဖြည်​းနဲ့ ဆလပ်​ပီရဲ့ အမူအယာနဲ့ အပြုအမူ​တွေ ​ပြောင်​းလဲလာတဲ့အခါမှာ​တော့ ဝါဒန်​ကလိုက်​ဖ်​မြို့​လေးရဲ့ ​ဟောလိုးဝင်​းပွဲ​တော်​က ဘယ်​လို​ပြောင်​းလဲသွားမယ်​၊ ဆမ်​၊ ဆိုနီနဲ့ အမဖြစ်​သူ ဆာရာတို့က ဆလပ်​ပီ့ကို ဘယ်​လိုတားဆီးရင်​ဆိုင်​ကြမယ်​၊ goosebump 2 ရဲ့ အဆုံးသတ်​က​ရော ဘယ်​လိုဇာတ်​သိမ်​းမယ်​ဆိုတာကို​တော့ ဇာတ်​လမ်​း​ကောင်​း​လေးမို့ အ​သေးစိတ်​မ​ပြောပြ​တော့ဘူး​နော်​။ ​ကိုယ်​တိုင်​သာ ကြည်​့ရှုရင်​း ခံစားလိုက်​ကြပါ​တော့ဗျာ