အခုတခေါက်ကတော့ လူငယ်ဘဝကနေ စိန်ခေါ်မှုတွေပြည့်နေတဲ့ သက်လတ်ပိုင်းကိုကူးပြောင်းရောက်ရှိလာတဲ့သူငယ်ချင်းသုံးယောက်အကြောင်းလေးပဲဖြစ်ပါတယ်...လူငယ်သဘာဝ အတတ်ဆန်းတွေကိုအချင်းချင်းဘယ်လိုလေ့လာကြမလဲ သဘာဝကိစ္စဖြစ်တဲ့ sex ဆိုတဲ့အရာကိုရော သူငယ်ချင်းအချင်းချင်း ဘယ်လိုဝေမျှတတ်ကြသလဲ...လူတိုင်းနီးပါးအချစ်ဦးနဲ့ပေါင်းဖက်ခွင့်မရသလို ဆယ်ကျော်သက်ဘဝနုနယ်တဲ့ချစ်ခြင်းမေတ္တာတွေဟာ လူနှစ်ယောက်ကိုအတူရှိနိုင်ပါ့မလား မျက်နှာအရမ်းများပေမဲ့ အဆုံးကျ သူ့အနားဘယ်သူများရှိနေပါ့မလဲ
ဇာတ်လမ်းအကျဥ်း...
အထက်တန်းကျောင်းအတူတူတက်ကြတဲ့ ချီဟို...ဂျောင်ဂျယ်...ဒုန်ဝူတို့သုံးယောက်ဟာ ကောင်မလေးကိစ္စကြောင့်အငြင်းပွားရာကနေအခင်ဆုံးသူငယ်ချင်းတွေအဖြစ် ပေါင်းစည်းသွားကြတယ် အထက်တန်းကျောင်းပြီးလို့ ကိုယ်စီလျှောက်လှမ်းနေကြပေမဲ့ သူငယ်ချင်းသုံးယောက်ပေါင်းပြီး ဘယ်လိုမျိုးပြသနာတွေရှာကြမလဲ
လူငယ်သဘာဝ ယောကျ်ားလေးတို့
သဘာဝကိုအသားပေးရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Error ဖြစ်ပါတယ်