8.5
1,599,965
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

4.3 GB

Credit

100

Gladiator (2000)

Action, Adventure, Drama

Credits 100

ရောမခေတ်က အင်ပါယာရဲ့ အားထားရတဲ့ ဗိုလ်ချုပ်နဲ့ အင်ပါယာရဲ့သားတော်တို့ အားပြိုင်တဲ့ ဇာတ်ကြောင်းပါ။ မက်ဆီမက်စ်က ရောမမှာ လေးစားခံရပြီး ထူးချွန်တဲ့ စစ်ဗိုလ်ဖြစ်ပြီး အင်ပါယာရဲ့ ယုံကြည်အားကိုးချစ်ခင်မှုခံရသူပါ။ သူ အနိုင်ယူခဲ့တဲ့ စစ်ပွဲတွေလည်း အများအပြားပါပဲ။ အင်ပါယာက အိုမင်းလာပြီး အနားယူတော့မယ့်အချိန်မှာ အာဏာကို သူ့သား ကွမ်မိုဒက်စ်ကို မလွှဲဘဲ မက်ဆီမက်စ်ကို လွှဲမယ် ဆုံးဖြတ်‌လိုက်‌တော့ ကွမ်မိုဒက်စ်ရဲ့ မနာလို၀န်တိုမှုတွေ ပေါ်ပေါက်လာပြီး ဖခင်အင်ပါယာကြီးကို သတ်ပစ်လိုက်တဲ့အခါ... ဖခင်ဆီက အာဏာလွှဲပြောင်းယူပြီး မက်ဆီမက်စ်ကိုပါ လုပ်ကြံခဲ့ပေမယ့် မက်ဆီမက်စ်ကမသေဘဲ လူသတ်ပွဲလုပ်ဖို့ လေ့ကျင့်တဲ့ဆီရောက်သွားပါတယ်။ ကွမ်မိုဒက်စ်ကလည်း အာဏာယူထားပေမယ့် လွှတ်တော်င အမတ်တွေနဲ့ အဆင်မပြေတာတွေဖြစ်လာပါတယ်။ ရောမခေတ်က ဖမ်းဆီးခံရတဲ့စစ်သည်တွေ အကျဉ်းသားတွေကို ကွင်းထဲမှာ သတ်ဖြတ်ခိုင်းတဲ့ ကစားပွဲရှိပါတယ်။ အဲ့မှာ ပါ၀င်ရတဲ့သူကို ဂလာဒီရေတာလို့ခေါ်ပါတယ်။ အင်ပါယာအသစ်ကွမ်မိုဒက်စ်က ပြည်သူတွေစိတ်ကျေနပ်အောင် ကစားပွဲကြီးစီစဉ်ပေးပြီး မက်ဆီမက်စ်က ဂလာဒီရေတာအဖြစ် ရောက်လာတဲ့အခါ... ဇနီးရောသားပါ အသတ်ခံရပြီး လက်စားချေမယ့်မက်ဆီမက်စ်နဲ့ မတရားအုပ်ချုပ်နေတဲ့ ကွမ်မိုဒက်စ်တို့ ဘယ်သူက ပြည်သူတွေကို သိမ်းသွင်းနိုင်မလဲဆိုတာ....ကွယ်လွန်သွားတဲ့အင်ပါယာရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ...ရှုစားကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်