The girl with the dragon tattoo ကားလေးက ဂျာနယ်လစ် Stieg Larrson ရဲ့ သူမဆုံးခင် ထုတ်ဝေခဲ့တဲ့ trilogy မှာ ပထမဆုံးစာအုပ်ကို အခြေခံထားပါတယ်
စာအုပ်ကို အခြေခံရိုက်ထားတဲ့ ၃ ကားလုံးဟာ အောင်မြင်ခဲ့သလို အစဉ်လိုက်ကြည့်ရမှာပါ
ဇာတ်ကောင်တွေရဲ့ နာမည်ကို မှတ်ထားဖို့လိုသလို ဇာတ်လမ်းဇာတ်ကွက်တွေကို သေချာနားလည်ဖို့လိုပါတယ် ကျော်ကြည့်လို့မရပါဘူး
ဇာတ်လမ်းအကျဉ်းကတော့ အသရေဖျက်မှုနဲ့ ကုမ္ပဏီတခုက တရားစွဲဆိုတာခံရပြီး ထောင်ဒဏ်စောင့်ဆိုင်းနေတဲ့ စုံစမ်းရေးသတင်းထောက် Mikael Blomqvist ကို အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတယောက်ရဲ့ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့အတွက် Vanger မိသားစုကနေ ငှားရမ်းလိုက်ပါတယ်
Mikael က လျို့ဝှက်ဆန်းကြယ်တဲ့ အတိတ်ရှိဖူးပြီး နဂါးပုံတက်တူးထိုးထားတဲ့ Hackerအမျိုးသမီးလေး Lisbeth Salander နဲ့ စုံစမ်းရေးမှာတွဲလုပ်ဖြစ်ခဲ့ပါတယ်
Lisbeth က ကွန်ပျူတာကျွမ်းကျင်ပြီး ထက်မြက်ပေမယ့် စိတ်ဓာတ် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် အကျင့်ပျက်နေတဲ့ အုပ်ထိန်းသူအစိုးရအရာရှိတယောက်ရဲ့ သားကောင်ဖြစ်နေခဲ့ရပါတယ်
အန္တရာယ်များတဲ့ကျွန်းပေါ်မှာ Mikael နဲ့ Lisbeth တို့ ၂ ယောက် သဲလွန်စတွေနောက်လိုက်ရင်း ဆယ်စုနှစ်ပေါင်းများစွာကြာရှည်ခဲ့တဲ့ မိသားစုအဖြစ်ဆိုးကို ဖော်ထုတ်ပြီး လူမျိုးရေးခွဲခြားပြီး ယုတ်ညံ့တဲ့ရာဇဝတ်ကောင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ မရေမတွက်နိုင်သော အမျိုးသမီးငယ်တွေအတွက် တရားမျှတမှုကို ရှာဖွေကြတာကို ကြည့်ရှုရမှာပါ
Plotက စိတ်ဝင်စားစရာကောင်းလွန်းတာကြောင့် နောက်ထပ်ကားအဆက်ဖြစ်တဲ့ The girl who played with fire ကို ဆက်ကြည့်ချင်စိတ်ဖြစ်လာမှာအမှန်ပါပဲ.....
ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ Tomato ဖြစ်ပါတယ်။