6.8
8,830
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.6 GB

Credit

100

Reign of Assassins (2010)

Action, Adventure

Credits 100

ရုပ်ရှင်ဝါသနာရှင်အချင်းချင်း ကျွန်တော့်ကို ဘယ်သိုင်းကားအကြိုက်ဆုံးလဲလို့ မေးရင် အမြဲတမ်း စပြောမိတာက အခုတင်ပေးထားတဲ့ Reign of Assassins ပါပဲ။ အခုနောက်ပိုင်း ထွက်နေတဲ့ အထူးကွန်ပြူတာဖန်တီးမှုလှိုင်လှိုင်နဲ့ ကနွဲ့ကလျ သိုင်းသမားကားတွေနဲ့ တခြားစီပါပဲ။ ဇာတ်လမ်း ဒိုင်ယာလော့ တိုက်ခိုက်ခန်းတွ အားလုံးပြည့်စုံပါတယ်။ အချိန်တိုအတွင်းမှာ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ သိုင်းတွေကို လှလှပပ ရိုက်ပြသွားတာပါ။ ကျွန်တော်ကိုယ်တိုင် အနည်းဆုံး ၅ ခေါက်လောက်တော့ ပြန်ကြည့်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ပြောပြပါ့မယ်။ သိုင်းလောကမှာ သတင်းတစ်ခုရှိပါတယ်။ ဗောဓိဆရာတော်ရဲ့ ရုပ်အလောင်းကို ရရင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ် ရောဂါအားလုံးလည်း ပျောက်ကင်းနိုင်မယ်ပေါ့။ အဲဒီအလောင်းကိုရဖို့ အားလုံးတိုက်ခိုက်နေကြချိန်မှာ အလွန်အစွမ်းထက်တဲ့ လျို့ဝှက် လူသတ်သမားအဖွဲ့ ကျောက်မည်းဂိုဏ်းပါ ပါဝင်လာပါတယ်။ အဲဒီဂိုဏ်းရဲ့ နာမည်ကြီး လူသတ်သမား မိုးဖွဲ(မစ်ချဲယို) ဟာ အလောင်းတစ်ဝက်ကို ရသွားပြီး အကြောင်းတစ်ခုနဲ့ ဇာတ်မြှပ်သွားပါတယ်၊ အိမ်ထောင်ပြုပြီး သာမန်အိမ်ရှင်မ ဘဝနဲ့နေထိုင်နေပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အတိတ်က ကျောက်မည်းဂိုဏ်းသားတွေက အလောင်းနဲ့ မိုးဖွဲ့နောက်ကို အဆက်မပြတ်လိုက်နေကြဆဲပါပဲ။ တစ်နေ့မှာတော့ သူ့ခင်ပွန်းကို ကယ်ဖို့ ဝှက်ထားတဲ့ သိုင်းပညာကို ထုတ်သုံးလိုက်ချိန်မှာ ကျောက်မည်းဂိုဏ်းက ခြေရာခံမိပြီး မိတ်ဆွေဟောင်း တစ်ဖြစ်လဲ ရန်သူတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။