7.2
12,289
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

Memoir of a Murderer (2017)

Action, Crime, Mystery

Credits 200

Memoir of murderer ရုပ်ရှင်ကားလေးဟာ ၂၀၁၇ခုနှစ်မှာကိုရီးယားဒါရိုက်တာ Won Shin Yun ဖန်တီးရိုက်ကူးခဲ့တဲ့ထိတ်လန့်ခြောက်ခြားဖွယ်ရာ သဲထိတ်ရင်ဖို ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ကားကို စာရေးဆရာ Kim Yong Ha ရဲ့ရောင်းအားအကောင်းဆုံး ဝတ္တုစာအုပ်တစ်အုပ်ဖြစ်တဲ့A murderer’s guide to memorizarion ကို မှီငြမ်းပြီးရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ အဓိက ဇာတ်ဆောင်များအနေနဲ့Sol Kyun Gul နဲ့ Kim Nam Gil ၊ ဇာတ်ပို့အဖြစ် Kim Seol hyun နဲ့Oh Dal Su တို့က ပါဝင်အားဖြည့်ထားပါတယ်။ အဆိုပါရုပ်ရှင်ကားကိုတော့ Showbox/Mediaplex မှထုတ်ဝေဖြန့်ဖြူးထားပြီး ဇာတ်လမ်းကို မိနစ်ပေါင်း ၁၂၀ ဝန်းကျင်ခန့်ရင်သတ်ရှုမောခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ Sol Kyun Gul ကိုအယ်လ်ဇိုင်းမားစိတ်ကျရောဂါခံစားနေရတဲ့စိတ္တဇလူသတ်သမား တရားခံ Serial Killer ကြီးKim Byeong Soo အဖြစ် မြင်တွေ့ရပါမယ်။ သူကသတ်မယ့်လူတွေဟာ နောင်တရပြီးကိုယ့်အပြစ်ကိုယ်ခံယူစေခြင်းအလို့ဌာ ထိုသူတွေကိုရွေးချယ် သတ်တာပါ။ဇာတ်လမ်းထဲမှာတော့ Shin Ki Joon ကို Kim Byeong Sooရဲ့ငယ်ဘဝ အဖြစ် မြင်တွေ့ရပါမယ်။Kim Nam Gil ကိုတော့ Kimကို Serial Killer အဖြစ်သံသယရှိနေတဲ့ ဒေသခံ ရဲအရာရှိ Tae Jooအဖြစ် မြင်တွေ့ရပါမယ်။ Kim Seol hyun ကတော့ ဇာတ်လမ်းထဲမှာ စိတ္တဇလူသတ်သမားKim Byeong Soo ရဲ့သမီးအဖြစ် သရုပ်ဆောင်ထားပြီးသူမရဲ့ဖခင်ကို အယ်လ်ဇိုင်းမားရောဂါကြောင့် ပြုစုစောင့်ရှောက်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ရဲအရာရှိ Tae Joo ရဲ့ ချစ်သူဖြစ်လာပါမယ်။Oh Dal Su ကတော့ Byeong man အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူဟာ ဒေသခံရဲ တစ်ဦးဖြစ်ပြီးမြို့ထဲက လူသတ်တရားခံတွေကိုရှာဖွေဖမ်းဆီးရသူတစ်ဦးလည်းဖြစ်ပါတယ်။သူတို့တွေ နဲ့ စိတ္တဇလူသတ်သမား Kim Byeong Sooဘာတွေဘယ်လိုဆက်ဖြစ်ကြမယ် ဆိုတာကိုဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြရအောင်ပါ။ နည်းနည်းတော့ကြောက်ဖို့လည်းကောင်း စိတ်ဝင်စားဖို့လည်းကောင်းတဲ့ဇာတ်ကားပါပဲ၂၀၁၇ ၂၀၁၈ ခုနှစ်မှာ ရုပ်ရှင်ဆုတွေ Nomination လည်းဝင်Best Actor Award ကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပြပွဲမှာပါဝင်ပြသဖူးတဲ့ ရုပ်ရှင်ကားဖြစ်လို့သည်းထိတ်ရင်ဖိုဇာတ်လမ်းလူသတ်ဇာတ်လမ်းတွေသဘောကျနှစ်ခြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။