7.8
531,270
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Hot Fuzz (2007)

Action, Comedy, Mystery

Credits 200

ဒီတစ်ခါမှာတော့ ရဲဟာသကားတစ်ကားဖြစ်တဲ့ "Hot Fuzz" နဲ့မိတ်ဆက်ပေးပါမယ်။ Hot Fuzz(ခပ်ဟော့ဟော့ရဲ)နေရာမှာသရုပ်ဆောင်ထားသူကတော့ နီကိုးလပ်စ်အိန်ဂျယ်(Simon Pegg)ဖြစ်ပြီးတော့ သူဟာ ဘက်စုံထူးချွန်ပြောင်မြောက်တဲ့ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရသူဖြစ်ပေမဲ့ စန့်ဖို့ဒ်ဆိုတဲ့တောကျတဲ့ရွာလေးတစ်ရွာကိုဆာဂျင်ရာထူးတိုးအနေနဲ့ ရွှေ့ပြောင်းခံလိုက်ရပါတယ်။ အကြောင်းအရင်းကတော့ အရမ်းတော်နေလွန်းလို့ တခြားရဲတွေအပြောခံရလို့ပါတဲ့။ ဒီလိုနဲ့ ရဲတပ်ဖွဲ့ဝင်နီကိုးလပ်စ်အိန်ဂျယ်တစ်ယောက် စန့်ဖို့ဒ်ကိုရောက်လာပါတော့တယ်။ ပုံမှန်ဆိုအေးချမ်းသာယာတဲ့ရွာဆိုပြီးလူသိများကြပေမဲ့ ဆာဂျင်အိန်ဂျယ်ရောက်လာပြီးနောက်မှာတော့ ရွာရဲ့ထူးဆန်းနေတဲ့အချက်ကို သူသတိထားမိသွားပါတယ်။ အဲဒီထူးဆန်းနေတဲ့အချက်ကိုဖော်ထုတ်ဖို့ကြိုးစားပေမဲ့လည်း တစ်ရွာလုံးနဲ့တစ်ယောက်ဖြစ်နေတဲ့အခါ ဆာဂျင်အိန်ဂျယ်တစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ။ အဲဒီအေးချမ်းတဲ့ရွာလေးရဲ့နောက်ကွယ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ။ ဒီလိုဇာတ်လမ်းဇာတ်အိမ်ခိုင်တဲ့အပြင် ဟာသလေးပါရောထားတာမို့ ကြည့်ရှုရတကယ်တန်တဲ့ကားဖြစ်ကြောင်း အကြံပြုပါရစေ။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။