7.0
19,665
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

7.8 GB

Credit

500

Dil Dhadakne Do (2015)

Comedy, Drama, Romance

Credits 500

Mehraလင်မယားနှစ်ယောက်ရဲ့ နှစ်သုံးဆယ်ပြည့် မင်္ဂလာနှစ်ပတ်လည်အတွက် မိသားစု သူငယ်ချင်းတွေနဲ့အတူ ပင်လယ်ခရီးထွက်ခဲ့ကြတဲ့ ခရီးစဉ်လေးကတော့.....Rating 7 ရရှိထားတဲ့ 2015 ခုနှစ်က နာမည်ကြီးခဲ့တဲ့ "Dil Dhadakne Do" ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီလင်မယားနှစ်ယောက်က မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေရရှိသွားပြီးတဲ့နောက်မှာတော့ ဆက်ဆံရေးတွေက လူတွေအမြင်မှာ စံပြလင်မယားအဖြစ်သာဟန်ဆောင်ထားတဲ့ ဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သားဖြစ်သူ ကာဘီရ်နဲ့ သမီးဖြစ်သူ အိုင်ရှာရဲ့ အချစ်ရေးတွေကို မိဘတွေက ဝင်နှောက်ယှက်ပုံတွေ။ စီးပွားရေးအကျိုးကျေးဇူးရဖို့ပဲ တွေးတတ်တဲ့မိဘတွေရှိတဲ့ မိသားစုတစ်စုမှာ အတွေ့အကြုံပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ခံယူချက် အမြင်မတူညီပုံတွေကို ထောက်ပြပေးပြီး ဒီပင်လယ်ခရီးစဉ်လေးကနေ ရရှိလာတဲ့ ဘဝသင်ခန်းစာတွေကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။