ဒီ၃ကားမြောက်မှာလည်း ရှေးဟောင်းနတ်ဆိုးသတ္တဝါကြီး Jeepers Creepers က သူရဲ့သဘာ၀လွန်စွမ်းအားရှိတဲ့ ထရပ်ကားအိုကြီးနဲ့အတူ အစာစားဖို့ရာ ပြန်ပေါ်လာပါတယ်။ သူက 23နှစ်တစ်ခါ နွေဦးအချိန်ရောက်တိုင်း ၂၃ရက်ကြာအောင် စားသုံးရတဲ့အတွက်ပါ။
ဒီတစ်ခါမှာတော့ လွန်ခဲ့တဲ့၂၃နှစ်က သူ့သားကောင်ဖြစ်ခဲ့သူတွေရဲ့ ဆွေမျိုးတွေမိသားစု၀င်တွေပေါင်းပြီး နတ်ဆိုးဖမ်းဖို့ မုဆိုးအဖွဲ့ပေါ်ပေါက်လာပါတယ်။ အဲ့အဖွဲ့ကို ဦးဆောင်သူ ရဲမှူး ဒန်နီက တပ်ကြပ်ဒေးဗစ်စ်နဲ့အတူ အကောင်ကြီးကို ချေမှုန်းဖို့ ထွက်ခွာလာပါတယ်။
နတ်ဆိုးကောင်ကလည်း ထုံးစံအတိုင်း အကြောက်တရားကို အနံ့ခံပြီး အစာရှာထွက်နေတာပေါ့။ တစ်ဖက်မှာလည်း လွန်ခဲ့တဲ့၂၃နှစ်က သူရဲ့အကြွင်းအကျန်အစိတ်အပိုင်းကို လိုက်ရှာနေပါတယ်။ အဲ့အရာကို ပျောက်ဆုံးသွားတဲ့ သားကောက်ကန်နီက သူမသေခင် မိခင်ရဲ့ခြံနားမှာ မြှုပ်ခဲ့တာပါ...
နတ်ဆိုးနဲ့ Hunter တွေ ရင်ဆိုင်ပုံကို ရှုစားရမှာဖြစ်ပြီး ဇာတ်ကွက်အများစုက နေ့ဘက်မှာ အသားပေးရိုက်ထားတာဖြစ်တဲ့အတွက် သိပ်ကြောက်စရာမကောင်းတာကို တွေ့ရမှာပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai K K ဖြစ်ပါတယ်