5.9
21,935
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Boss Baby 2: Family Business (2021)

Animation, Adventure, Comedy

Credits 200

ဒီတစ်ခါမှာတော့ အားလုံးရင်းနှီးပြီးသား အသည်းစွဲ DreamWorks Animated Movie ဖြစ်တဲ့ Boss Baby ရဲ့နောက်ဆက်တွဲ Season အသစ်လေးက၂၀၂၁မှာထွက်ရှိလာခဲ့ပါပြီ။ ဒီတစ်ခါ Season အသစ်လေးရဲ့နာမည်ကတော့ Boss Baby: Family Business ဖြစ်ပါတယ်။ Season 1 မှာကလေးဘ၀နဲ့ဇာတ်လိုက်ကျော်တွေဖြစ်ခဲ့တဲ့ တင်မ်နဲ့တက်ဒ် ညီအစ်ကိုနှစ်ယောက်ဟာ Season အသစ်မှာတော့ရင့်ကျက်ပြီးလူကြီးဘ၀ကိုပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ Boss Baby လေးဖြစ်တဲ့ တက်ဒ်ကတော့ကုမ္ပဏီသူဌေးကြီးတစ်ယောက်အနေနဲ့ငွေကိုသာအသဲအမဲရှာနေခဲ့ပြီး၊ အစ်ကိုဖြစ်သူတင်မ်ကတော့ အိမ်ထောင်ကျပြီးသမီးလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘ၀လေးကိုပိုင်ဆိုင်နေခဲ့ပါတယ်။ အသက်တွေကြီးလာပြီးတဲ့နောက်မှာတော့ တမ်ပလီတွန်ညီအစ်ကိုနှစ်ယောက်ဟာတွေ့ဆုံခြင်းသိပ်မရှိခဲ့သလို အနေလည်းစိမ်းသွားခဲ့ကြပါတော့တယ်။ အိမ်ထောင်ရှင်ဖခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့တင်မ်ဟာခင်ပွန်းကောင်း ဖခင်ကောင်းတာ၀◌န်ကျေပြွန်ပြီး သမီးလေးနှစ်ယောက်ကိုလည်းအရမ်းချစ်သူဖြစ်ပါတယ်။ ဒါပေမယ့် သမီးအကြီးလေးတဘီသာကျောင်းနေအရွယ်ရောက်တဲ့အခါမှာ သမီးဖြစ်သူဟာမိမိနဲ့‌ေ၀◌းကွာသွားပြီလို့တင်မ်ကခံစားနေခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ သမီးအငယ်လေးဖြစ်သူတီနာဟာ တင်မ်ရင်းနှီးပြီးသား Baby Corps ကနေစေလွှတ်ခြင်းခံရတဲ့သူဖြစ်မှန်းသိရှိသွားချိန်မှာတော့...တမ်ပလီတွန်ညီအစ်ကိုက ဘယ်လိုမစ်ရှင်တွေနဲ့ စွန့်စားခန်းတွေလုပ်မှာလဲ? တဘီသာနဲ့ရောနားလည်မှုပြန်လည်တည်ဆောက်နိုင်မလားဆိုတာကတော့....ကြည့်ရှုအားပေးကြပါဦး။ ဒီဇာတ်လမ်းလေးက မိသားစုသံယောဇဥ◌်ဇာတ်လမ်းလေးဖြစ်တဲ့အတွက်ကြောင့် ကြည့်မိသူတိုင်းနောင်တမရနိုင်အောင် နွေးထွေးနှစ်ခြိုက်ကြမှာတော့အမှန်ပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Erika Sean ဖြစ်ပါတယ်