ရေငုပ်သမားလေးဂျရတ်က ပင်လယ်အောက်မှာရွှေတိုရွှေစတွေကိုရှာဖွေတဲ့သူပေါ့။ သူ့မှာသိပ်ချစ်ရတဲ့ ဆမ်ဆိုတဲ့ကောင်မလေးလည်းရှိတယ်။ သူတို့နှစ်ယောက်ကစိတ်တူကိုယ်တူနဲ့ ဘ၀ကြီးကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေကြတယ်ပေါ့။ ဒီလိုနဲ့ တရက်တော့မြို့ပေါ်ကရောက်လာတဲ့ သူတို့သူငယ်ချင်းတို့အတွဲနဲ့ ပင်လယ်ထဲအပန်းဖြေခရီးထွက်ရင်း လေယာဉ်ပျက်ကြီးကိုရှာတွေ့ခဲ့တယ်။ အဲဒီ့ထဲမှာ ဒေါ်လာသန်းရာချီတဲ့ ကိုကိန်းတွေလဲအပြည့်ပေါ့။ ဒီလေယာဉ်ပျက်ကြီးနဲ့ သူတို့စုံတွဲနှစ်တွဲ ဘာဆက်လုပ်ကြမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်လိုက်ပါ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်