8.0
912,633
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

The Martian (2015)

Adventure, Drama, Sci-Fi

Credits 200

မားစ်ဂြိုဟ်ကို လေ့လာရေး သွားခဲ့တဲ့ အာကာသယာဉ် Ares III ဟာ ပြင်းထန်တဲ့ မုန်တိုင်းနဲ့ ကြုံခဲ့ပြီးနောက်မှာ အာကာသ ယာဉ်မှူး မာ့ခ်ဝတ်နေ ပျောက်ဆုံးခဲ့တာကြောင့် သေဆုံးသွားပြီလို့ ယူဆခဲ့ကြပါတယ်။ မားစ်လေ့ လာရေးအဖွဲ့ခေါင်းဆောင် မလစ် ဆာလူးဝစ်က တခြားအဖွဲ့ဝင်တွေ ပါ အန္တရာယ်ရှိမှာစိုးရိမ်ပြီး ဂြိုဟ် ကနေ ထွက်ခွာခဲ့ပါတယ်။ သေပြီ လို့ ထင်နေကြတဲ့ မာ့ခ်ဟာ တကယ်တော့ အသက်ရှင်လျက် ကျန်နေပြီး စက်ပစ္စည်းတွေ ချို့ယွင်းကုန်တာကြောင့် နာဆာနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ မာ့ခ်ဟာ မားစ်ဂြိုဟ်ပေါ်မှာ သုံးနှစ်လောက် နေထိုင်ရဖွယ်ရှိ တယ်လို့ ခန့်မှန်းမိတာကြောင့် ယာယီစခန်းတစ်ခု ဖန်တီးပြီး သူ တတ်ကျွမ်းတဲ့ ရုက္ခဗေဒပညာနဲ့ အပင်တွေစိုက်ခဲ့ပါတယ်။ မားစ် စူးစမ်းလေ့လာရေးယာဉ် Ares IV ရပ်နားတဲ့ အခြေစိုက်စခန်းကို သွားရှာဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာ သူလှည့်လည်သွားလာတဲ့ လမ်းတစ်လျှောက် တွေ့တာတွေကို ဗီဒီယိုတွေ မှတ်တမ်းတင်ရိုက်ကူးထားခဲ့ပါတယ်။ တစ်ရက်မှာတော့ နာဆာက အင်ဂျင်နီယာနှစ်ယောက်ဖြစ်တဲ့ ဗင်းဆင့်ကာပူးနဲ့ မင်ဒီပါ့ခ်တို့ဟာ ဂြိုဟ်တုက ဓာတ်ပုံတွေကို လေ့ လာနေရင်း မာ့ခ်အသက်ရှင်နေ တုန်းပဲဆိုတာ သိရှိခဲ့တာကြောင့် အဆက်အသွယ်ပြန်ရဖို့ ကြိုးပမ်း ခဲ့ကြပါတယ်။ နာဆာဒါရိုက်တာ တက်ဒီဆန်ဒါဟာ မာ့ခ်အသက် အန္တရာယ်ကြုံမှာ စိုးရိမ်တဲ့အတွက် Ares III အဖွဲ့ဝင်တွေ အကုန်လုံး ကို ဒီအကြောင်းမပြောဖို့ ဗင်းဆင့် တို့ကို ပြောခဲ့ပါတယ်။ မာ့ခ်က ၁၉၉၇ ကတည်းက မားစ်မှာရှိနေ တဲ့ လမ်းကြောင်းပြ အာကာသ ယာဉ်ဟောင်းတစ်ခုကနေ ကမ္ဘာ နဲ့ အဆက်အသွယ်ရရေး ကြိုးပမ်း ခဲ့ပါတော့တယ်။ မာ့ခ်တို့ရဲ့ အဖွဲ့မှူးမစ်ချ်ဟန် ဒါဆင်ဟာ Ares IV မားစ်ကို မလာနိုင်ခင် အာကာသယာဉ် တစ်ခုလွှတ်ပြီး မာ့ခ်ဆီကို ရိက္ခာ တွေပို့ဖို့ စီစဉ်ခဲ့ပေမယ့် လုပ်ငန်း စဉ်တချို့မှားယွင်းပြီး ယာဉ်ဟာ မလွှတ်တင်ခင် ပေါက်ကွဲသွားခဲ့ ပါတယ်။ မားစ်ပေါ်မှာလည်း ယာ ယီစခန်းက လေလုံခန်းပေါက်ကွဲ သွားပြီး မာ့ခ်စိုက်ထားတဲ့အပင် တွေ သေဆုံးကုန်တာကြောင့် ရိက္ခာပြဿနာကြုံခဲ့ရပါတယ်။ အဲဒီနောက် တရုတ်အမျိုး သား အာကာသအေဂျင်စီ (CNSA)က မားစ်ဂြိုဟ်ကို အဟုန် မြှင့်ဒုံးစက်လွှတ်တင်ဖို့ရှိတာ ကြောင့် မာ့ခ်ဆီကို ရိက္ခာတွေ ထည့်ပေးနိုင်ဖို့ နာဆာကို ကမ်း လှမ်းခဲ့ပါတယ်။ ရိက္ခာတွေလည်း ပို့သလို နာဆာဘက် အာကာသ ယာဉ်တွေလွှတ်ပြီး မာ့ခ်ကို ကယ် တင်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ လွယ်လွယ်ကူကူ သွားကယ် ဆယ်လို့မရတဲ့ မားစ်ဂြိုဟ်ပေါ် ရောက်နေတဲ့ မာ့ခ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ဆက် ကြုံရဦးမှာလဲ။ ကမ္ဘာမြေပေါ်ကို ကော ခြေပြန် ချခွင့်ရနိုင်ပါ့မလား ဆိုတာကို . . .