6.7
197,341
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.3 GB

Credit

500

Zombieland: Double Tap (2019)

Action, Comedy, Horror

Credits 500

ဇာတ်လမ်းလေးတော့ အားလုံးရဲ့အကြိုက် Zombieland : Double Tap(2019)ပါ။ Zombie land ဆိုတာနဲ့ ဇွန်ဘီတွေနဲ့ သဘာဝကျကျ အပီပြင်ဆုံးရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားကိုပြေးမြင်မိကြမှာပါ။ ဇာတ်လမ်းကျဉ်းလေးကိုလဲ တင်ပြလိုပါသေးတယ်။ ကမ္ဘာကြီးကို ဇွန်ဘီတွေအုပ်စိုးကာ လူသားတွေခက်ခက်ခဲခဲအသက်ရှင်နေရချိန်ပါ။ ကိုလံဘတ်စ်ရယ် တယ်လာဟတ်ဆီရယ် ဝီချီတာ ညီအမရယ် ပေါင်းစည်းသွားတာ 2009 movie မှာကတည်းကအားလုံးသိပြီးသားဖြစ်မှာပါ။။ အခု 2019ထွက်ကားထဲ မှာတော့ ကိုလံဘတ်စ်ရယ် တယ်လ်လာဟတ်ဆီရယ် ဝီချီတာရယ် လစ်တဲရော့ရယ် တို့ဟာ မိသားစုတစ်ခုလိုကိုလှုပ်ရှားနေကြပါပြီ။ လစ်တဲရော့ကတော့ဆယ်ကျော်သက်သက်ပီပီ ချစ်သူရည်းစားရှာကာ စွန့်စားခန်းတွေဖွင့်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ တစ်ဖက်မှာတော့ ဇွန်ဘီတွေကလဲ တိုးတက်ပြောင်းလဲကာ အဆင့်တွေမြင့်လာပါပြီ။ တစ်နေ့မှာတော့ လစ်တဲရော့ခ် တစ်ယောက် ထွက်သွားပါတော့တယ်။ ထွက်သွားတာကလဲ ငြိမ်းချမ်းရေးလိုလားသူ ဂီတသမား ဟစ်ပီတစ်ယောက်နဲ့ပါ။ ဇွန်ဘီတွေ အဆင့်မြင့်လာလို့ အန္တရာယ်တွေအရမ်းများနေတဲ့အချိန်မှာ ထွက်သွားတဲ့ လစ်တဲရော့ခ်နောက်ကို လိုက်လံရှာဖွေရပါတော့တယ်။ အဆင့်မြင့်ပြီး သတ်ရခက်ခဲတဲ့ ဇွန်ဘီတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ? လမ်းမှာရော ဘာတွေတွေ့ကြုံရမလဲ?Zombieland ရဲ့ ထုံးစံအတိုင်း ဟာသနှောကာ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ။ Rating တွေအနေနဲ့ကလဲ Imdb Rating 7.1တောင်ရရှိထားတာမို့ စိတ်ချလက်ချဒေါင်းယူကြည့်ရှုသင့်တဲ့ကားလေးလို့ပဲညွှန်းလိုက်ပါရစေ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Kyamtrapvibe ဖြစ်ပါတယ်