2000 ပြည့်နှစ်ကာလတွေရဲ့အကောင်းဆုံး sci-fi ရုပ်ရှင်တွေထဲမှာပါ၀င်ပြီး အကယ်ဒမီဆုများစွာအတွက် ဆန်ခါတင်စာရင်း၀င်ခဲ့တဲ့ ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း 7.9 အထိ ရရှိထားတာပါ။
တောင်အာဖရိကမှာ ဂြိုလ်သားယာဉ်တစ်စင်းဆိုက်ရောက်လာခဲ့ပါတယ်။ အိမ်မပြန်နိုင်တော့တဲ့ ယာဉ်ပေါ်ကဂြိုလ်သားတွေကို အစိုးရကနေရာတစ်ခုသတ်မှတ်နေစေခဲ့ပါတယ်။ အဲဒီနေရာကို District 9 လို့ ခေါ်ပြီး အဲဒီဂြိုလ်သားတွေကိုတော့ ပရွန်းလို့နာမည်ပေးထားကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ လူသားတွေနဲ့ ဂြိုလ်သားပရွန်းတွေကြား ပဋိပက္ခတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအခါ ပရွန်းတွေကို တခြားနေရာရွှေ့ပြောင်းပေးရဖို့ ဖြစ်လာပါတယ်။ အခွင့်အရေးချိုးဖောက်ရာလည်းမကျအောင် MNU ဟာ ပရွန်းတွေကို ရွှေ့ပြောင်းဖို့လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။
ပရွန်းတွေနေထိုင်ရာဆီ တစ်အိမ်တက်ဆင်းလက်မှတ်ထိုးခိုင်းဖို့ တာ၀န်ယူရသူကတော့ ဝီးကပ်စ်ဗန်ဒီမာဝီပါ။ ဝီးကပ်စ်ဟာ ရိုးသားအေးဆေးတဲ့ ရုံးသမားဖြစ်ပြီး အိမ်ထောင်လည်းရှိပါတယ်။
တစ်နေ့တော့ ဝီးကပ်စ်တစ်ယောက်ပရွန်းတွေဆီ လက်မှတ်သွားထိုးခိုင်းရာကနေ မတော်တဆမှုတစ်ခု ကြုံလာရပါတယ်။ အဲဒီအဖြစ်ကြောင့် ဝီးကပ်စ်ရဲ့ကမ္ဘာဟာ ဇောက်ထိုးမိုးမျှော်ပြောင်းလဲသွားပါတော့တယ်။
ဝီးကပ်စ်အနေနဲ့ မထင်မှတ်ထားတဲ့ အခြေအနေဆိုးကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ ဆုတွေအများကြီးရထားပြီး rating ကောင်းသလို တကယ်လည်းကြည့်ကောင်းတာမို့ ကြည့်ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett-Joe ဖြစ်ပါတယ်