5.2
10,396
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Chernobyl: Abyss (2021)

Drama, History

Credits 200

ဒီတစ်ခါတော့သမိုင်းဝ◌င်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ ရုရှားဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးမှာပါ။ Chernobyl: Abyss ဆိုတဲ့ရုရှားဇာတ်ကားကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Netflix ဇာတ်ကားလေးဖြစ်ပါတယ်။ နိုင်ငံတကာသမိုင်းကိုလေ့လာသူများကတော့ Chernobyl ဆိုတာနဲ့ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးကြီးနဲ့ တွဲပြီးမြင်ကြမှာအသေအချာပါပဲ။ ဆိုဗီယက်ပြည်ထောင်စုရဲ့ဂုဏ်ယူဖွယ်ရာ Chernobyl နျူကလီးယားဓာတ်အားပေးစက်ရုံကြီးဟာ ၁၉၈၆ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့မှာ ယူကရိန်းနိုင်ငံပရီပက်မြို့မှာပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကယူကရိန်းဟာဆိုဗီယက်ပြည်ထောင်စုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုအခြေခံထားတဲ့ Chernobyl: Abyss ထဲမှာတော့ ဇာတ်ဆောင်တစ်ဦးဖြစ်သူ အဲလက်စ်ဟာနျူကလီးယားဓာတ်ပေါင်းဖိုရဲ့မီးသတ်ဌာနအရာရှိတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာသူဟာအချစ်ဦးဖြစ်သူ အိုလ်ဂါနဲ့အမှတ်မထင်ပြန်ဆုံတွေ့ခဲ့ပါတယ်။ အိုလ်ဂါဆီမှာ အဲလက်စ်နဲ့ရခဲ့တဲ့ ၁၀နှစ်အရွယ်သားလေးပါရှိနေကြောင်းသိလိုက်ရချိန်မှာတော့ အဲလက်စ်က အလုပ်ကထွက်ပြီး အိုလ်ဂါနဲ့ သားလေးနဲ့အတူတူ ဇာတိမြေကီယက်မှာအခြေချဖို့ဆုံးဖြတ်ခဲ့ပေမယ့်လည်း မထင်မှတ်တဲ့ပြဿနာတွေကြောင့် စီစဥ◌်တဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒီအချိန်မှာပဲ ဥရောပတိုက်တစ်ခုလုံးကိုချိန်းခြောက်နေတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံပေါက်ကွဲမှုဖြစ်လာတဲ့အခါမှာတော့... နိုင်ငံ့ဝ◌န်ထမ်းမီးသတ်သမားကောင်းတစ်ယောက်၊ တစ်ချိန်တည်းမှာပဲ အိမ်ထောင်ဦးစီးကောင်း ဖခင်ကောင်းဖြစ်ချင်တဲ့အဲလက်စ်တစ်ယောက် နိုင်ငံအတွက်၊ မိသားစုအတွက်ဘယ်လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမလဲ? ကံကြမ္မာရဲ့လှည့်စားမှုကိုအဲလက်စ်တို့မိသားစုဘယ်လိုတွေရင်ဆိုင်ရမလဲ? လူသားသမိုင်းမှာအကြီးမားဆုံးသမိုင်းဖြစ်ရပ်မှန်ကြီးတွေထဲကတစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့ အညွှန်းရေးပေးသူကတော့ Erika Sean ဖြစ်ပါတယ်။