2000 ခုနှစ်တွေက Horror ရုပ်ရှင် vibe ကို ပြန်လည် ခံစားချင်သူတွေအတွက် ဆုငါးဆုရခဲ့တဲ့ ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နွေဦးရာသီ အားလပ်ရပ်မှာ အိမ်ကို ကားမောင်းပြန်တဲ့ မောင်နှမနှစ်ယောက်က လမ်းမှာ နံပါတ်ပြားထူးထူးဆန်းဆန်းနဲ့ ကားအိုကြီး လိုက်လာတာကနေ မောင်းပြေးရာကစပါတယ်....ဆက်မောင်းလာကြပြီး ဘုရားကျောင်းဟောင်းနားမှာ သူတို့ကိုလိုက်တိုက်တဲ့ ကားအိုကြီးပေါ်ကက အ၀တ်နဲ့ပတ်ထားတဲ့အထုပ်ကို ပိုက်ထဲပစ်ချတာတွေ့လိုက်ပါတယ်။
ဟော်ရာရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း မောင်ဖြစ်သူဒယ်ရီက စူးစမ်းချင်ပြီး ဘာအထုပ်လဲဆိုတာ သိရဖို့ ကားကိုပြန်လှည့်လာခဲ့ပါတယ်။ ပိုက်ထဲကိုငုံ့ကြည့်ရာကနေ မထင်မှတ်ဘဲ အောက်ပြုတ်ကျသွားတဲ့အခါ...အထဲမှာရှိနေတာတွေက ပျောက်သွားတဲ့လူတွေရဲ့အလောင်းတွေဖြစ်နေပါတယ်။
နှစ်ယောက်သား ပြန်ထွက်လာကြတဲ့အချိန်မှာ သူတို့လာကြည့်တာကို ကားနဲ့လူက သိသွားပြီး လိုက်လာပါတော့တယ်။ သူတို့နောက်လိုက်လာတဲ့သူက လူအစစ်လား...ဘယ်လိုကြောက်စရာကောင်းတဲ့အရာ ဖြစ်နေမလဲ...မိဘအိမ်ကို ပြန်လာတဲ့မောင်နှမနှစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ ပြန်နိုင်ပါ့မလားဆိုတာ...ရင်ခုန်စွာနဲ့ အားပေးလိုက်ကြပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai K K ဖြစ်ပါတယ်