4.2
1,397
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

1.9 GB

Credit

100

The Jester (2023)

Horror, Mystery, Thriller

Credits 100

သွေးသံတရဲရဲ Horror/Thriller ကြိုက်တဲ့လူတွေအတွက်အသစ်ထွက်ရှိလာတဲ့ The Jester ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာ Terrifier တို့ IT တို့ထဲကလိုမျိုး Jester ဆိုတဲ့လူပြက် Character ပါဝင်ပါတယ်။ဒါပေမယ့်သူက Terrifier လိုမျိုးရိုးရိုးတန်းတန်းလိုက်ခုတ်ထစ်ပြီးသတ်ဖြတ်နေတာမဟုတ်ပဲနဲ့အစွမ်းရှိတဲ့ Character ဖြစ်ပါတယ်။ပြောရရင်တော့မျက်လှည့်ဆန်တာပေါ့။ ထူးဆန်းတာကအဲ့ဒီတစ်ခုတည်းတင်မကပဲဇာတ်အိမ်ဖွဲ့ထားပုံတွေဇာတ်လမ်းအသွားအလာတွေကလဲထူးထူးဆန်းဆန်းဖအေတူမအေကွဲညီအစ်မနှစ်ယောက်အပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ဂျွန်ဆိုတဲ့လူတစ်ယောက်ကသူနှစ်ပေါင်းများစွာပစ်ထားခဲ့တဲ့သူ့သမီးဆီတောင်းပန်ဖို့ဖုန်းဆက်ခဲ့ပြီးသူ့သမီးကလက်မခံတဲ့အခါမှာတော့ Jester လက်ချက်နဲ့သေဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့ဈာပနမှာသူစွန့်ပစ်ခဲ့တာကြာပြီဖြစ်တဲ့သမီးနဲ့သူ့ရဲ့နောက်အိမ်ထောင်နဲ့ရတဲ့သမီးတို့ကတွေ့ဆုံခဲ့ကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ဘဝတွေမှာ Jester ကလိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ဘာဖြစ်လို့ခြောက်လှန့်နေရတာလဲ အဲ့ဒီ Jester ကရောဘယ်သူလဲဆိုတာကိုရိုးရိုးရှင်းရှင်းမဟုတ်ပဲခေါင်းစားပြီးကြည့်ရမဲ့တခြားရုပ်ရှင်တွေနဲ့မတူကွဲထွက်နေတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။