6.7
276,498
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 5.1

File Size

2.9 GB

Credit

0

Final Destination (2000)

Horror, Thriller

Credits 0

ငယ်ငယ်က အသည်းတအေးအေးနဲ့ ကြည့်ခဲ့ရတဲ့ 2000 ခုနှစ်က နာမည်ကျော် Final Destination ရုပ်ရှင်နဲ့ ပြန်လည်မိတ်ဆက်ပေးချင်ပါတယ်။ သေရမယ့် ကံပါရင် ရှောင်လွှဲလို့မရဘူးဆိုတာ မက်ဆေ့ပေးချင်တယ်လို့ မြင်မိပါတယ်။ ဇာတ်လမ်းအကျဉ်းက‌တော့ အဲလက်စ်တို့ အတန်းက ကျောင်သားတွေ ဆရာတွေနဲ့ ပြင်သစ်ကိုလေ့လာရေးသွားတာကနေ စပါတယ်။ လေဆိပ်ရောက်တည်း အဲလက်စ်က မကောင်းတဲ့နိမိတ်တွေ ရသလို ခံစားနေရပါတယ်။ လေယာဉ်ပေါ်တက်ပြီး ခဏမှေးလိုက်တဲ့အချိန်မှာ လေယာဉ်ကြီး ပေါက်ကွဲပြီး သူတို့အားလုံးသေဆုံးသွားတာကို မြင်လိုက်ရတဲ့အတွက် ထိတ်လန့်ပြီး အပေါင်းအသင်းတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ လုံခြုံရေးတွေက ရန်ဖြစ်ကြတဲ့ အဲလက်စ်တို့အဖွဲ့နဲ့ ဆရာတစ်ယောက်ကို ချန်ခဲ့တဲ့အတွက် စုစုပေါင်း 6 ယောက် မလိုက်ရဘဲကျန်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲပ လေယာဉ်ပျံတက်ချိန်မှာ မတော်တဆမှုဖြစ်ပြီး ပျက်ကျသွားတဲ့အခါ...ပါသွားတဲ့ ခရီးသည်အားလုံး သေဆုံးကုန်တဲ့အခါ.... အသက်ရှင်ကျန်ရစ်တဲ့ အဲလက်စ်တို့6ယောက်ကရော သေခြင်းတရားကို ထပ်ပြီး လွန်ဆန်နိုင်မှာလား ဘယ်လို ပုံစံ သဘောတရားတွေနဲ့ သေမယ့်ဘေးက လွတ်အောင်လုပ်ကြလဲဆိုတာ ပြန်လည် ရှုစားလိုက်ကြပါဉီး။ ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Shune Lai KK ဖြစ်ပါတယ်။