6.1
51,332
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

The Girl in the Spider's Web (2018)

Action, Adventure, Crime

Credits 200

ဒီဇာတ်ကားဟာ ဆွီဒင်နိုင်ငံသား စာရေးဆရာ Stieg Larsson ရဲ့ အရောင်းရဆုံးစာရင်းဝင် မှုခင်းဝတ္ထုစီးရီး “Millennium” ကို ဇာတ်အိမ်တည်ထားတဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်ပါတယ်။မူရင်းစာရေးသူက Millennium ဝတ္ထုရှည် စုစုပေါင်း ၁၀ပုဒ်ရေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ၂၀၀၄ ခုနှစ်မှာ ရုတ်တရက်ကွယ်လွန်ခဲ့တဲ့အတွက် ၅ပုဒ်သာရေးဖြစ်ခဲ့ပြီး ၃ပုဒ်ကိုသာအပြီးသတ်နိုင်ခဲ့ပါတယ်။ ကျန် ၂ပုဒ်ကိုတော့ စာအုပ်တိုက်ရဲ့ တောင်းဆိုမှုအရ မှုခင်းဂျာနယ်လစ် David Lagercrantz က ၂၀၁၃နဲ့ ၂၀၁၅မှာ အပြီးသတ်ပေးခဲ့ပါတယ်။အပြီးသတ်ခဲ့တဲ့ ၃ပုဒ်ထဲကမှ The Girl who Kicked the Hornet’s Nest နဲ့ The Girl who Played with Fire ကို ၂၀၀၉ခုနှစ်၊ The Girl with the Dragon Tattoo ကို ၂၀၁၁ခုနှစ်မှာ ရုပ်ရှင်ပိတ်ကားထက် အသီးသီး ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။အခုတင်ဆက်ပေးမယ့် The Girl in the Spider’s Web ကတော့ ပထမသုံးကားရဲ့ soft reboot သို့မဟုတ် sequel လို့လည်း ပြောလို့ရပါတယ်။ဒီဇာတ်ကားမှာလည်း Millennium စီးရီးတွေရဲ့ ထုံးစံအတိုင်း hacker မိန်းကလေး Lisbeth Salander ရဲ့ စွန့်စားခန်းတွေကို တွေ့မြင်ရဦးမှာပါ။ဇာတ်လမ်းအစမှာ Lisbeth ကို အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ရဲ့ ကွန်ပျူတာပရိုဂရမ်မာဟောင်း Frans Balder က ငှားရမ်းခဲ့ပါတယ်။ သူလုပ်ရမယ့်တာဝန်က NSA အတွက် Balder ရေးပေးခဲ့တဲ့ နျူကလိယျကုဒ်ပရိုဂရမ် Firefall ကို ပြန်ယူပေးဖို့ပါ။Lisbeth က NSA server ထဲကနေ Firefallကို အောင်အောင်မြင်မြင် အရယူနိုင်ခဲ့ပေမယ့် unlock မလုပ်နိုင်ခဲ့ပါဘူး။ မကြာခင်မှာပဲ Jan Holster ဦးဆောင်တဲ့ ကြေးစားအုပ်စုက Firefall ပရိုဂရမ်ကိုလုယူပြီး Lisbeth ကိုသတ်ဖို့ ကြိုးစားခဲ့ပါတယ်။Balder ကလည်း ချိန်းထားတဲ့နေရာကို Lisbeth အချိန်မီမရောက်လာနိုင်တဲ့အတွက် သူ့အပေါ်သစ္စာဖောက်ပြီး Firefallကို အပိုင်စီးလိုက်ပြီလို့ အထင်လွဲသွားခဲ့ပါတယ်။ပိုဆိုးတာက NSA server ကို hack ဖို့ကြိုးစားနေတုန်း သူ့ကိုသတိထားမိသွားတဲ့ အေးဂျင့်တစ်ယောက် နောက်ယောင်ခံလိုက်လာတာပါပဲ။အန္တရာယ် ပတ်လည်ဝိုင်းနေတဲ့ကြားကနေ Lisbeth ဘယ်လိုရုန်းထွက်မလဲဆိုတာကတော့ ပရိသတ်ကိုယ်တိုင်ပဲ ဆက်လက်စီးမျောခံစားလိုက်ပါဦးလို့