5.6
11,810
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.1 GB

Credit

200

Ghosts of War (2020)

Fantasy, Horror, Thriller

Credits 200

ဒီဇာတ်ကားမှာ ခေါင်းဆောင်ပါဝင်ထားတာက Titan ထဲက မင်းသား Brenton Thwaites ဖြစ်ပါတယ်။ ဒီကားကိုကြိုက်ရင် စစ်တိုက်တာလဲ ကြည့်ရမယ် သရဲခြောက်တာလဲကြည့်ရမယ် မထင်မှတ်ထားတာတွေလဲ ခံစားရမဲ့ ဇာတ်ကားကောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေကို စစ်တိုက်နေတဲ့ အမေရိကန်စစ်သား ၅ယောက်ကို အခြေခံထားပါတယ်။ စစ်တိုက်ရင်းနဲ့ ရဲတိုက်ကြီးတစ်ခုကိုရောက်သွားပါလေရော။ အဲ့ရဲတိုက်ပြီးမှာနေတဲ့ မိသားစုဟာ ဂျာမန်တွေရက်ရက်စက်စက်သတ်ထားလို့ မကျွတ်လွတ်ပဲ ခြောက်တာတွေ အသံပေးတာတွေလုပ်ပြီး စစ်သားတွေကို ဒုက္ခပေးပါလေရော။ အမေရိကန်စစ်သားတွေအနေနဲ့ ဂျာမန်တွေက စစ်တိုက်ရတာ တစ်ဖက် သရဲတွေကတစ်ဖက်နဲ့ တိုင်ပတ်ရင်း ရဲတိုက်ကနေ ပြေးဖို့လုပ်ကျတဲ့ အခါ ဘယ်လိုသွားသွားရဲတိုက်ကိုပဲ ပြန်ရောက်နေမိတယ်။ အဲ့ဒါနဲ့ ရဲတိုက်ထဲမှာပဲ ဖြစ်စဉ်အဖြေကိုရှာရင်း ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလဲဆိုတာကြည့်ရမဲ့ ဇာတ်လမ်းကောင်းပါ။ ဇာတ်သိမ်းမှာလဲ ထင်မှတ်မထားတာတွေနဲ့ ဟာခနဲ ဇာတ်သိမ်းဆိုတော့ ကြည့်ရူ ခံစားကြည့်ပါအုံး ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Wutyi May ဖြစ်ပါတယ်