7.1
416,045
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

6 GB

Credit

500

Free Guy (2021)

Action, Adventure, Comedy

Credits 500

မကြာသေးခင်ကမှ Netflix က ထုတ်လွှင့်ခဲ့တဲ့ Action, Adventure, Comedy အမျိုးအစား Science Fiction ဇာတ်ကားလေးပါ Deadpool မင်းသား Ryan Reynolds က Guy ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Free City ဆိုတဲ့ဂိမ်းထဲမှာ နေကာမျက်မှန်တပ်ထားတဲ့သူတွေက အဓိကဇာတ်ကောင်တွေဖြစ်ပြီးတော့ သူတို့တွေက လုပ်ချင်တာလုပ်ခွင့်ရှိပါတယ် ကျန်တဲ့သူတွေကတော့ သာမန်အရံဇာတ်ကောင်တွေဖြစ်ပြီးတော့ သူတို့လုပ်သမျှခံကြရတာပါ Guy ကတော့ အဲ့ဒီဂိမ်းထဲက အရံဇာတ်ကောင်တစ်ခုပါ နေ့တိုင်း လုပ်နေကျအလုပ်တွေပဲ လုပ်ရပြီးတော့ ဂိမ်းထဲက လူစွမ်းကောင်းတွေကို ပံ့ပိုးပေးရတဲ့သူပေါ့ တစ်နေ့မှာတော့ Millie ဆိုတဲ့ နေကာမျက်မှန်တပ်ထားတဲ့မိန်းကလေးနဲ့ ဆုံမိပြီးတော့ Millie နဲ့ ရင်းနှီးခွင့်ရဖို့အတွက် သူ့ဘဝကို ပြောင်းလဲဖို့ကြိုးစားပါတော့တယ် ဒီလိုနဲ့ နေကာမျက်မှန်တပ်ထားတဲ့သူတွေက သာမန်လူတွေကို အဖက်မလုပ်တဲ့ဂိမ်းကမ္ဘာကြီးထဲမှာ Guy တစ်ယောက် Millie နဲ့ရင်းနှီးခွင့်ရဖို့ ဘယ်လိုတွေကြိုးစားမလဲ၊ Millie ကရော ဒီဂိမ်းကို ဘာကြောင့်ဆော့နေတာလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ ဂိမ်းကမ္ဘာနဲ့လက်တွေ့ကမ္ဘာထဲကအကြောင်းအရာကို အမိုက်စားရိုက်ပြထားတာမို့ ဂိမ်းသမားတွေအတွက်လည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moh Moh ဖြစ်ပါတယ်