6.4
25,940
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.8 GB

Credit

200

Archive (2020)

Drama, Mystery, Sci-Fi

Credits 200

သေပြီးတဲ့နောက်မှာ ဘဝကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။ ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက် စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ “အသိ စိတ်ကို ဖန်တီးလို့ရလား”ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေး ဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့ နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီး နေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။ လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခု အတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြော ရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ် က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿ နာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Scarlet ဖြစ်ပါတယ်