6.4
3,548
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.5 GB

Credit

100

Shin Ultraman (2022)

Action, Adventure, Drama

Credits 100

Sci-fi film ကောင်းကောင်းဖြစ်ပါတယ် Ultraman ဆိုတာ ဟိုးငယ်စဉ်ကလေးတွေရဲ့ အကြိုက်‌ဆုံး ဇာတ်ကောင်တွေထဲကတစ်ခုပါ။ ကြည့်ရတာ တန်မယ်ဆိုတာ ပြောစရာမလိုပါဘူးနော်။ ဂျပန်မှာ အမျိုးအမည်မသိတဲ့ အကောင်ကြီးတွေ ဆက်တိုက်ပေါ်လာတဲ့အတွက် အစိုးရက သူတို့ကို ‌နှိမ်နင်းဖို့ ပညာရှင်တွေ ပါ၀င်တဲ့ SSSP အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲ့အဖွဲ့ကို အာဆမိဆိုတဲ့ အသစ်တစ်ယောက်ရောက်လာပြီး ကာမိနာဂရှင်းဂျီနဲ့ 2 ယောက်တွဲ တာ၀န်ပေးခံရပါတယ်။ တစ်ခါမှာ အဲ့အကောင်ကြီးတွေကိုရင်ဆိုင်ရင်း သူတို့ထဲက ကာမိနာဂရှင်းဂျီဟာ ကလေးငယ်လေးကို ကာကွယ်ပေးရင် သေဆုံးသွားပါတယ်။ တကယ်‌က သူသေဆုံးသွားတာကို ဘယ်သူမှ မသိလိုက်ပါဘူး။ ဘာလို့ဆို အဲ့အချိန်မှာပဲ သက်ရှိအကောင်ကြီးတွေကို ချေမှုန်းဖို့ Ultraman ရောက်လာပြီး သူပေါ်လာလို့ လူသားသေဆုံးရတဲ့အတွက် အဲ့လူသားကိုယ်ထဲမှာ နေလိုက်တာပါ။ လူသားတစ်ဉီးအတွက် အနစ်နာခံနိုင်တဲ့ လူသားတွေရဲ့ စိတ်ကိုပိုနားလည်ချင်လို့လည်း ပါပါတယ်။ SSSP အဖွဲ့၀င်တွေလည်း သူတို့လူက Ultraman ဆိုတာ အစပိုင်းမှာ မသိကြပါဘူး။ နောက်ပိုင်း ကမ္ဘာဂြိုလ်က လူသားမျိုးနွယ်တွေကို ဇီ၀လက်နက်အဲဖြစ် အသုံးချဖို့ တခြားဂြိုလ်က အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရောက်လာကြတဲ့အခါမှာတော့.....တခြားဂြိုလ်သားတွေက Ultraman ကို ဘယ်လိုအသုံးချကြမှာလဲ၊ SSSP အဖွဲ့က ဂြိုလ်သားတွေကို ရင်ဆိုင်ပုံတွေနဲ့ Ultraman နဲ့ပူးပေါင်းပြီး လူသားမျိုးနွယ်ကို ကယ်တင်ပုံတွေကို ဆက်လက်ရှုစားလိုက်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်