8.1
716,268
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.8 GB

Credit

500

Million Dollar Baby (2004)

Drama, Sport

Credits 500

Boxer သမားတွေရဲ့ ဘ၀၊ မျှော်မှန်းချက်တွေ၊ trainer တွေရဲ့ ခံစားချက်တွေကို ရင်နင့်ဖွယ် ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ မိသားစုနဲ့ အဆင်မပြေဘဲ ကိုယ့်၀မ်းက်ကျောင်းနေရပြီး ဘောက်ဆာသမားအရမ်းဖြစ်ချင်တဲ့ မက်ဂီဟာ သူဆရာတင်ချင်တဲ့ ထရိန်နာ ဖရန်ကီဆီ ဆိုက်ဆိုက်မြိုက်မြိုက်လာပြီး ဆရာလုပ်ပေးဖို့ ဇွဲမလျှော့ဘဲ တောင်းဆိုခဲ့ပါတယ်။ ဖရန်ကီက မိန်းကလေးတွေကို မလေ့ကျင့်ပေးဘူးပြောပေမယ့် မက်ဂီရဲ့ ဇွဲ ဝီရီယကြောင့် နောက်ဆုံးမှာ သင်ပေးခဲ့ပါတယ်။ ဖရန်ကီက အတိတ်က ဖြစ်ရပ်ကြောင့် သူ့အတိတ်ထဲ ပိတ်မိနေပြီး ရုန်းမထွက်နိုင်ဘဲ အပြစ်ရှိသူလို့ယူဆနေသူပါ။ သူနဲ့အတူ အားကစားရုံမှာလုပ်တဲ့ သူငယ်ချင်း ဘောက်ဆာသမားက သူ့ကြောင့် မျက်လုံးတစ်ဖက်ဆုံးရှုံးသွားတယ်လို့ မှတ်ယူထားသူပါ။ မက်ဂီက ချန်ပီယံဖြစ်ချင်ပြီး ကြိုးစားတဲ့အတွက် တစ်ပွဲပြီးတစ်ပွဲ အနိုင်ရပြီး နောက်ဆုံးထိတက်လာပါတယ်။ ကံအကြောင်းမလှစွာနဲ့ ချန်ပီယံရှစ်ပွဲမှာ ပြိုင်ဖက်ရဲ့ညစ်ပတ်မှုကြောင့် အပြင်းအထန်ထိခိုက်သွားတဲ့အခါ.... ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး အိပ်ရာထဲလှဲရတော့မယ့် မက်ဂီနဲ့ နောက်ထပ် အပြစ်ကျူးလွန်မိသလို ခံစားရတဲ့ သူ့ဆရာဖရန်ကီ.... နောက်ဆုံးမှာ ဘယ်လမ်းကို ရွေးချယ်မလဲ ဖရန်ကီက သူ့တပည့်အတွက် ယူကြုံးမရဖြစ်တာတွေကို ကြေကွဲဖွယ် ရှုစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်