5.1
12,129
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.4 GB

Credit

200

Action Point (2018)

Comedy

Credits 200

မိဘနှစ်ပါးက ကွာရှင်းထားတာကြောင့် တစ်‌နေရာစီနေရတဲ့ သမီးနဲ့ ဖအေကြားက သံယောစဉ်တွေ အထင်အမြင်လွဲမှားမှုလေးတွေကို ပုံဖော်ထားတာပါ။ ဇာတ်ကြောင်းကိုတော့ အဘိုးဖြစ်သူက သူတို့သားအဖရဲ့ အတိတ်အကြောင်း မြေးမလေးကို ‌ပြောပြတဲ့ပုံစံ ဆင်ထားပါတယ်။ D.C ဟာ ဇနီးနဲ့ကွာရှင်းပြီးတော့ မွေးရပ်မြေမှာ အက်ရှင်ပွိုင့်ဆိုတဲ့ ကစားကွင်း တည်ထောင်ပြီး သွားစရာမရှိတဲ့ကလေးတွေကို အလုပ်ပေးထားပါတယ်။ သမီးလေးကတော့ နွေကျောင်းပိတ်ဆို ပြန်လာတတ်ပါတယ်။ အက်ရှင်ပွိုင့်ကစားကွင်းက လာရောက်သူတွေ လွတ်လွတ်လပ်လပ်ပျော်နိုင်ပြီး စည်းမျဉ်းတွေ ဂရုစိုက်စရာတွေ မရှိပါဘူး။ ထိခိုက်မိရင်တောင် ပြသာနာမလုပ်ဘဲ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ကြပါတယ်။ ဒါမဲ့ D.C ရဲ့ကစားကွင်းက အခြေအနေတော့သိပ်မကောင်းလှပါဘူး။ ပြိုင်ဘက်ကစားကွင်းတွေပေါ်လာပြီး ဘဏ်ချေးငွေတွေလည်း ပြန်ဆပ်ရမှာမို့ အခက်တွေ့နေပါတယ်။ ဒီကြားထဲ ပြိုင်ဘက်ပိုင်ရှင်ကလည်း သူ့ကစားကွင်းကို ဝယ်ချင်နေလို့ နားလာပူနေတဲ့အခါ... ကစားကွင်း နာမည်ကျော်အောင် လူအလာများအောင် မျိုးစုံကြံဆ နည်းလမ်းရှာနေတဲ့ D.C တစ်ယောက် သမီးဖြစ်သူကို အချိန်ကောင်းကောင်း မပေးနိုင်ဘဲ စိတ်ပျက်အောင်လုပ်မိသွားပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူနဲ့ အဆင်ပြေအောင် ဖြေရှင်းရင်း ကစားကွင်းကိုပါ လက်မလွတ်‌ရအောင် အဖြေရှာတာကို ဆက်လက် အားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်