7.5
44,943
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.5 GB

Credit

200

Lust, Caution (2007)

Drama, History, Romance

Credits 200

သတိပြုရန် 18+ အနည်းငယ်ပါပါသည်။ ဒုတိယကမ္ဘာစစ်ကာလ တရုတ်ကိုဂျပန်တွေသိမ်းပိုက်စိုးမိုးနေကြချိန် ဝမ်ကျားချီဆိုတဲ့ အရှက်အကြောက်ကြီးပြီးဘာမျှမသိနားမလည်သေးတဲ့မိန်းကလေးတစ်ယောက်ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် ရှန်ဟိုင်းကနေ ဟောင်ကောင်ကိုပြောင်းလာခဲ့ပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှာတက်ရောက်နေတဲ့အချိန် ကျောင်းသားဖြစ်တဲ့ကွမ်းယွိမင်ဟာ သူတို့ရဲ့မျိုးချစ်ပြဇာတ်အဖွဲ့ထဲကိုဝင်ဖို့ ဝမ်ကျားချီကို ကမ်းလှမ်းပါတယ်။ သိပ်မကြာခင်မှာပဲ သူကပြဇာတ်အဖွဲ့ရဲ့ဇာတ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့မျိုးချစ်ပြဇာတ်တစ်ပုဒ်ဟာ အောင်မြင်လာခဲ့ချိန်မှာတော့ နောက်တစ်ဆင့်အနေနဲ့ တကယ့်နိုင်ငံရေးလောကထဲက ဂျပန်တွေရဲ့လက်ပါးစေတရုတ်လူမျိုးဖြစ်တဲ့ရီမျိူးရိုးကို လုပ်ကြံဖို့အတွက် သူတို့လူငယ်ပြဇာတ်အဖွဲ့သားတွေအားလုံးစီစဉ်ကြပါတော့တယ်။ ဝမ်ကျားချီကို မိုင်ထိုက်ထိုက်အသွင်ဆောင်ပြီး ရီမျိုးရိုးကို ဖျားယောင်းခိုင်းပြီး ထောင်ချောက်ဆင်ဖို့ ကြိုးစားကြပေမဲ့ လူငယ်တွေရဲ့အတွေ့အကြုံမရင့်ကျက်မှုတွေကြောင့် ရှုံးနိမ့်ခဲ့ကြပါတယ်။ မျိုးချစ်စိတ်​ဓာတ်ပြင်းထန်တဲ့လူငယ်တွေဆိုတာ လွယ်လွယ်နဲ့လက်မလျှော့တတ်ကြပါဘူး။ လေးနှစ်ကြာပြီးတဲ့နောက်မှာ...... ပြီးပြည့်စုံတဲ့ပြင်ဆင်မှုတွေနဲ့အတူ မိုင်ထိုက်ထိုက်ပြန်လာတဲ့အခါ..... မိုင်ထိုက်ထိုက်နဲ့သူ့အဖွဲ့ အောင်မြင်နိုင်ပါ့မလား...... ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်