6.3
94,745
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.2 GB

Credit

100

Goosebumps (2015)

Adventure, Comedy, Fantasy

Credits 100

ဇာတ်လမ်းအစမှာတော့ ဇက်ဆိုတဲ့ကောင်လေးဟာ သူအမေနဲ့အတူ မူလနေထိုင်ရာမြို့ပြကြီးကနေ မက်ဒီဆင် ဒယ်လဝဲလ်မြို့ကိုပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်… ဇက်တစ်ယောက် ခြံထဲမှာ ပစ္စည်းအထုပ်အပိုးတွေကို အိမ်ထဲသို့ပြောင်းရွှေ့နေခိုက်မှာ တစ်ဖက်ခြံမှ ဟန်နာလို့ခေါ်တဲ့ေကာင်မလေးနဲ့ သိကျွမ်းသွားခဲ့ပါတယ်… ဒါပေမယ့် ဟန်နာ့ရဲ့ထူးဆန်းတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်က ဇက်ကိုသူတို့ မိသားစုနဲ့မပတ်သတ်ပဲ ခပ်ဝေးဝေးမှာနေဖို့ပြောပါတယ်… တစ်ညမှာတော့ ဇက်ဟာ ဟန်နာ့ကိုသူ့အဖေက နှိပ်စက်နေတယ်လို့သံသယရှိတာကြောင့် အကြောင်းစုံသိရအောင်လို့ သူ့ရဲ့မြို့သစ်မှသူငယ်ချင်းဖြစ်သူ ချန့်နဲ့အတူ ဟန်နာရဲ့အိမ်ထဲသို့ခိုးဝင်လာခဲ့ပါတယ်… အဲ့မှာမထင်မှတ်ဘဲ စတိုင်းလ်ရဲ့စာအုပ်စင်မှသော့ခတ်ထားတဲ့စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်မိရာ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေ အသက်ဝင်ပြီးထွက်လာပါတော့တယ်… ဒီလိုနဲ့ ဇက်၊ ဟန်နာ၊ ချန့်နဲ့ ဟန်နာ့ရဲ့အဖေစတိုင်းလ်တို့တတွေ မကောင်းဆိုးဝါးတွေကိုပြန်လည်ဖမ်းဆီးရမယ့်တာဝန်ရှိလို့လာပါတယ်… ဘာလို့များ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေထွက်လာရတာလဲ၊ ဟန်နာ့ရဲ့ထူးဆန်းလှတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ရဲ့သရုပ်မှန်ကရော ဘာများလဲ၊ မကောင်းဆိုးဝါးတွေကသူတို့ကိုဘယ်လိုဒုက္ခပေးမလဲ၊ အဲ့မကောင်းဆိုးဝါးတွေကိုဘယ်လိုပြန်ဖမ်းဆီးမယ်ဆိုတာကို ဒီ “Goosebumps” ဆိုတဲ့ကားလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်