6.9
275,120
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Non-Stop (2014)

Action, Mystery, Thriller

Credits 200

ဒီကားကတော့ ကျွန်တော်အကြိုက်ဆုံး မင်းသား တွေထဲက တစ်ယောက်ဖြစ်တဲ့ Liam Neeson (Taken မင်းသားကြီး) ရဲ့ကားဖြစ်ပါတယ်။ Liam Neeson က အရင်တုန်းက Schindler’s List နဲ့ အကယ်ဒမီ ဆန်ကာတင် စာရင်းဝင်ခဲ့ သလို အခြား နာမည်ကြီး ဒရမ်မာကားတွေ မှာပါဝင်ခဲ့သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူ့အတွက် အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ၂၀၀၈ ခုနှစ် မှာ ထွက်ခဲ့တဲ့ Taken ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားက သူ့ကို ဒရမ်မာ မင်းသားအဖြစ်ကနေ အက်ရှင် မင်းသားအဖြစ် နာမည်ကြီးလာစေပြီး အဲ့ဒီနောက်မှာ တောက်လျောက် အက်ရှင်ကားတွေရိုက်လာပါတယ်။ ၂၀၀၅ ခုနှစ် Batman Begin, Kingdom of Heaven တို့မှာပါဝင်ခဲ့ပေမယ့် Taken ဇာတ်ကားကြောင့်သာ အက်ရှင်မင်းသား အဖြစ် ပရိတ်သတ် လက်ခံလာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Taken 2, The A-Team, Unknown, The Grey, Clash of the Titan စသဖြင့် ရိုက်ကူးလာပြီး အခုနောက်ဆုံး အနေနဲ့ Non-Stop မှာပါဝင်ခဲ့ပါတယ်။Non-Stop က ကျွန်တော် ကြည့်ဖူးသမျှ Liam Neeson ကားတွေထဲမှာ အကောင်းဆုံး လို့တောင် ပြောလို့ရပါတယ်။ Taken မှာလိုတော့ Liam Neeson ကို အကြမ်းအရမ်း အက်ရှင်တွေနဲ့ တွေ့ရ မှာမဟုတ်ပေမယ့် သာမာန် လေယာဉ် ပြန်ပေးဆွဲတဲ့ကားတွေထက်တော့ အများကြီးပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ Liam Neeson က Trailer မှာပါတဲ့အတိုင်း Air Marshal (US. Federal Air Marshal တွေက လေယဉ်တွေပေါ်မှာ လိုက်ပါရပြီး လေယဉ်ပျံပေးဆွဲတာတွေ အကြမ်းဖက်မှုတွေကို ကာကွယ်ရတာဖြစ်ပါတယ်။) တစ်ဦးဖြစ်ပြီး သူလိုက်ပါတဲ့လေယဉ်ပေါ်မှာ သူ့ကို လူတစ်ယောက်က စာပို့လာပါတယ်။ အဲ့ဒီလူက ဘဏ်အကောင့်တစ်ခုပေးပြီး ဒေါ်လာ သန်း၁၅၀ တောင်း ကာ သူတောင်းတဲ့အတိုင်းမပေးရင် မိနစ်နှစ်ဆယ် တိုင်း လူတစ်ယောက် သတ်မယ်လို့ပြောပါတယ်။ တကယ်လည်း သူပြောတဲ့အတိုင်း ဖြစ်အောင် လုပ်ယူသလို၊ မင်းသားကပဲ လေယာဉ်ကို ပြန်ပေးဆွဲ သယောင် ထင်မှားအောင် လုပ်ဆောင်ပါတယ်။အဲ့ဒီလိုအခြေအနေတွေကို Liam Neeson တစ်ယောက် ဘယ်လို ထိမ်းချုပ်မလဲ ၊ လူဆိုးကိုရော ဘယ်လို ဖော်ထုတ်မလဲ ၊ လေယာဉ်ပေါ်ကလူတွေကိုရောဘယ်လိုကယ်တင်မလဲ ဆိုတာကို ရင်သပ်ရှုမောဖွယ်တင်ဆက်ထားပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်ကားက လှည့်ကွက်တွေ၊ လျှို့ဝှက်ချက်တွေနဲ့ ကြည့်လို့ကောင်းသလို ဇာတ်လမ်းအစကနေ အဆုံးအထိ ပရိတ်သတ်ကို ဆွဲခေါ်သွားနိုင်ပါတယ်။ Liam Neeson ကလည်း အသက် ၆၁ နှစ်နဲ့ မလိုက်အောင် သရုပ်ဆောင် ထားနိုင်ပြီး အက်ရှင် မင်းသား ကောင်း တစ်ယောက် ဖြစ်ကြောင်းလည်း သက်သေပြထားပါတယ်။ အထူးသဖြင့် ဇာတ်လမ်းက ကျွန်တော် မထင်မှတ်ထားတဲ့ လှည့်ကွက် မျိုး ဖြစ်သလို စိတ်ဝင်စားရာကောင်းအောင်လည်း ရိုက်ကူးထားပါတယ်။ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။