6.8
79,347
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.5 GB

Credit

100

Peter Pan (2003)

Adventure, Family, Fantasy

Credits 100

ပီတာပန်ဇာတ်လမ်းဟာ ဟိုးအရင် ကာတွန်းဗားရှင်းနဲ့တည်းက ကလေးတွေအကြိုက်အသည်းစွဲ ဇာတ်ကောင်ပါ။ ကာတွန်းကားကနေ အောင်မြင်လာပြီး လူတွေနဲ့ ပြန်ရိုက်ခဲ့တာပါ။ ပီတာပန်ဆိုရင် ကလေးတိုင်း မသိတဲ့သူမရှိသလောက်ပါပဲ။ သူရဲ့မိတ်ဆွေ နတ်သမီးလေး တင်ကာဘဲလ်ကလည်း Disney ကနေ သီးသန့်ကာတွန်းကား‌တွေ ထုတ်ပေးတဲ့ထိ လူသိများခဲ့ပါတယ်။ ၀င်ဒီဟာ သူ့မောင်လေးတွေကို ညဘက်အိပ်ရာ၀င်ပုံပြင်တွေ ပြောပြလေ့ရှိပါတယ်။ သူ့အိပ်မက်က ကြီးလာရင် ၀တ္ထုရေးတဲ့သူဖြစ်ချင်တာပါ။ အဒေါ်ဖြစ်သူကတော့ သိပ်သဘောကျတဲ့အပြင် ၀င်ဒီကို အရွယ်ရောက်လာပြီးဆိုပြီး သင်ပေးစရာရှိတာ လုပ်စရာရှိတာတွေ စတင်ပါတော့တယ်။ ၀င်ဒီ့အဖေကိုလည်း လူ၀င်ဆန့်ဖို့ ပါတီတွေ တက်ခိုင်းပါတယ်။ တစ်ညမှာ ၀င်ဒီအိပ်ပျော်နေတုန်း ကောင်လေးတစ်ယောက် သူမတို့ အခန်းထဲရောက်လာတာကနေ ဇာတ်လမ်းစတာပါ။ အဲ့ကောင်လေးက ပီတာပန်ဖြစ်ပြီး ညဘက် ၀င်ဒီပုံပြင်ပြောပြာတာကို လာနားထောင်တဲ့သူပါ။ ပီတာပန်က ၀င်ဒီတို့မောင်နှမတစ်သိုက်ကို သူနေတဲ့ Neverland ကို ခေါ်သွားပါတယ်။ Neverland မှာ သူတို့တွေ ဘယ်လိုအထူးအဆန်းတွေ၊ စွန့်စားခန်းတွေကြုံတွေ့ရမလဲ၊ အားလုံးသိကြတဲ့ ပီတာပန်ရဲ့ ရန်သူတော်ကြီး ကပ်ပတိန်ဟု့ခ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ၀င်ဒီတို့‌တွေ နောက်ဆုံးမှာ အိမ်ပြန်ရောက်လာပါ့မလား။ ကလေးဘ၀ကို ပြန်အမှတ်ရစေမယ့်ကားလေးဖြစ်လို့ မလွတ်တမ်း ကြည့်လိုက်ကြရအောင်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်