5.2
41,896
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Friday the 13th: The New Blood (1988)

Horror, Thriller

Credits 200

Friday 13th ဇာတ်လမ်းတွေရဲ့ ပရိသတ်တွေရော တခြားသူတွေပါ ပြန်လည်‌အားပေးလို့ရအောင် 1988 မှာထွက်ခဲ့တဲ့ 7 ပိုင်းမြောက်ရုပ်ရှင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ရှေ့ပိုင်းတွေမှာလိုပဲ ဂျေဆင်က ဘယ်လိုသတ်သတ်မသေဘဲ ခရစ္စတယ်ရေကန်မှာ ပြန်ပြန်ပေါ်လာပြီး အဲ့ကိုလာတဲ့ သူတွေကို လက်စားချေနေတုန်းဖြစ်ပါတယ်။ ခုဆိုရင် သူက အဲ့နေရာတစ်ဝိုက်မှာ ဒဏ္ဍာရီတစ်ခုဖြစ်နေပြီး ဂျေဆင်က ကျိန်စာသင့်နေတာလို့ ဆိုကြပါတယ်။ ဒီအပိုင်းမှာ မွေးနေ့ရှင် မိုက်ကယ်ကို စပရိုက် ဘက်ဒေးပါတီလုပ်ပေးဖို့ သူငယ်ချင်းတစ်စုက တိုင်ပင်ပြီး ခရစ္စတယ်ရေကန်နားမှာ စခန်းချထွက်လာပါတယ်... မိုက်ကယ်ကိုက နောက်မှလာခိုင်းထားတာပါ။ သူတို့နေတဲ့အိမ်နားမှာပဲ ငယ်စဉ်တည်းက ဖခင်သေသွားတာမြင်လိုက်ရပြီး စိတ်ဒဏ်ရာရနေတဲ့ တီနာက သူ့‌စိတ်ဝေဒနာကိုကုစားဖို့ ဆရာ၀န်က လာခိုင်းတဲ့အတွက် သူတို့ယခင်နေခဲ့တဲ့ ရေကန်နားက အိမ်ကို ရောက်လာပါတယ်။ တီနာက ထူးဆန်းတာတွေ မြင်နေရပြီး စိတ်ဝေဒနာရှင်လိုဖြစ်နေသလို...ဂျေဆင်ကလည်း ပြန်ပေါ်လာပြီး ရေကန်နားက လူတွေကို လိုက်သတ်တာကို ကြည့်ရမှာပါ။ ဒီတစ်ခါရော ဂျေဆင်တစ်ယောက် ဘယ်လိုဇာတ်သိမ်းမလဲ‌ဆိုတာ အသည်းယားဖွယ်ရှုစားပေးကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။