စိတ်ရောဂါပညာရှင်ဒေါက်တာလက်တာဟန်နီဘယ်က FBI ကို အမြဲအကူအညီပေးနေတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ တကယ်တော့ သူကိုယ်တိုင်က စိတ္တဇလူသတ်သမား တစ်ယောက်ဆိုတာကို အေးဂျင့်ဂရမ်ဟမ်က သိသွားပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအမှုပြီးသွားတဲ့နောက်
အေးဂျင့်ဂရမ်ဟမ်လည်း အနားယူသွားခဲ့တယ်။ ဒါပေမဲ့ စနစ်တကျကြိုတင်အကွက်ချပြီး လပြည့်ညမှာလူသတ်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။
လပြည့်ညတိုင်းမှာ လူသတ်လေ့ရှိတဲ့ စိတ္တဇလူသတ်သမား နောက်ထပ်လူသတ်မယ့်အချိန်ရောက်ဖို့ အချိန်သုံးပတ်ပဲရတော့တယ်။ အဲဒီအတွက် FBI က အေးဂျင့်ဂရမ်ဟမ်ကို ပြန်ပြီးအကူအညီတောင်းခဲ့တယ်။ စုံထောက်ဂရမ်ဟမ်ဒီအမှုကို စုံစမ်းဖို့ ထောင်ကျနေတဲ့ဒေါက်တာလက်တာက ပြန်ပြီးကူညီပေးခဲ့ပါတယ်။ စိတ္တဇလူသတ်သမားကိုဖမ်းဖို့ ထောင်ကျနေတဲ့စိတ္တဇလူသတ်သမားဆီက အကူအညီယူပြီးစုံစမ်းမယ့် ထူးထူးခြားခြားဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ Marip Pan ဖြစ်ပါတယ်