ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ်
ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံးအကုန်လုံးကဝိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင်နာမည်တောင်မရှိရှာပါဘူးသူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့
အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီးအလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကိုခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါသူရဲ့ဘဝကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ်အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီးအရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ်ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်းဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ်အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘဝတစ်ခုလုံးကိုကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ်ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံကတော်တော်ကြည့်လို့ကောင်းပါတယ်လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ