7.6
359,539
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.4 GB

Credit

500

The Blind Side (2009)

Biography, Drama, Sport

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Blind Side လေးကိုတင်ပေးလိုက်ပါတယ်။ 2009 ခုနှစ်က ထွက်ခဲ့ပြီး Oscar တစ်ဆုနဲ့ အခြားဆုပေါင်း ၉ဆုရခဲ့တဲ့ True Story ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝါရင့်မင်းသမီးကြီး Sandra Bullock နဲ့ Lily Collinsတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိမ်ခြေရာမဲ့ အာဖရိကန်-အမေရိကန် ဆယ်ကျော်သက် လူမည်းကောင်လေးကို လူဖြူမိသားစုက တရားဝင်မွေးစားပြီး သူ့အရည်အချင်းတွေ ပြနိုင်အောင် ပျိုးထောင်ပေးတဲ့ ဇာတ်လမ်းပါ။ ဖခင်ဘယ်သူမှန်းမသိဘဲ မိခင်ကဆေးသမားဖြစ်ပြီး စိတ်ဒဏ်ရာရနေတဲ့ လူမည်းကောင်လေး မိုက်ကယ်...ပညာကောင်းကောင်းမသင်ရဘဲ အားကစားစွမ်းရည်ရှိတာကြောင့် ကျောင်းပြောင်းလာတဲ့သူ။ တစ်ညမှာ လူဖြူမိသားစုနဲ့ လမ်းမှာဆုံရာကနေ အိမ်ထိပါသွားခဲ့တယ်။ ရှောန်နဲ့လီအန်းတို့ ဇနီးမောင်နှံက လူကောင်ကြီးပြီး ခိုကိုးရာမဲ့နေတဲ့ မိုက်ကယ်ကို ကူညီဖို့ဆုံးဖြတ်ပြီး လိုအပ်တာတွေ အစစအရာရာ ပြင်ပေးခဲ့တယ်။ သူတို့ရဲ့ သားနဲ့သမီး အက်စ်ဂျေနဲ့ ကောလင်းစ်ကလည်း အစ်ကိုတစ်ယောက်လို ခင်တွယ်ခဲ့ပါတယ်။ မိုက်ကယ်က အမေရိကန်ဘောလုံးအားကစားမှာ တော်တဲ့အတွက် ကောလိပ်တက်ခွင့်ရဖို့ စကော်လာရဖို့ လီအန်းတို့လင်မယားက ပညာရေးပိုင်းမှာရော အားကစားပိုင်းမှာပါ ပြင်ဆင်ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲ အနှောင့်အယှက်တွေကို နွေးထွေးတဲ့မေတ္တာတွေ သတ္တိတွေနဲ ကျော်ဖြတ်ပြီး မိုက်ကယ် အောင်မြင်လာတာကို ရသတစ်မျိုးနဲ့ ခံစားအားပေးရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်