Infernal Affair က ဆရာကြီးနှစ်ယောက်ကို အတူတူပြန်တွေ့ခွင့်ရမယ့် နောက်ထပ်အမိုက်စား ဇာတ်ကားကြီးတစ်ကား။ လူတေွမျက်ခုံးေပါ်စကြင်္ ံေလျှာက်သူတစ်ယောက်နဲ့ မလျှော့သောဇွဲနဲ့ ရာဇ၀တ်သားကို လိုက်ဖမ်းသူတစ်ေယာက်တို့အကြောင်း။ ၁၉၈၀ ခုနှစ်၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး ဟောင်ကောင်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကို အခြေခံရိုက်ထားတာမလို့ Based on True Event လို့ဆိုလို့ရပါတယ်။
Henry Ching (Tony Leung) ဟာချူးတစ်ပြားမှ မရှိဘဲအကြွေးလည်ပင်းနစ်နေတဲ့ Zero ဘ၀ကနေ နေ့ချင်းညချင်းကြီးပွားလာခဲ့ပြီး ဟောင်ကောင်စီးပွားရေးတစ်ခုလုံးကို ခြေလှယ်နိုင် လူတကာကို ကြီးပွားအောင်လုပ်ပေးနိုင်တဲ့ Hero ဖြစ်လာခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ ဟောင်ကောင်အစိုးရက အဂတိလိုက်စားမှုကို တိုက်ဖိုက်ဖို့အတွက် ICAC ကိုဖွဲ့စည်းလိုက်တယ်။ တစ်ခါက ရဲဖြစ်ခဲ့ဖူးတဲ့ ICAC အရာရှိ Law Kai Yuen (Andy Lau) ဟာ လိမ်လည်မှုနဲ့လာဘ်ပေးလာဘ်ယူမှုအတွက် Henry Ching အပါအ၀င် သူ့ရဲ့ Carman Central လုပ်ငန်းစုကြီးတစ်ခုလုံးကို ဖမ်းပြီးစစ်ဆေးဖို့ ဖြစ်လာခဲ့တယ်။ မင်းသားနှစ်ယောက်ရဲ့ အားပြိုင်မှုကောင်းလွန်းလို့ နှစ်နာရီကျော်ရုပ်ရှင်ကို သိလိုစိတ်အများကြီးနဲ့ စီးမျောခံစားသွားအောင်လုပ်ပေးနိုင်တယ်။ ဆုကြီးတွေအများကြီးရရှိထားပြီး လုံး၀လက်မလွှတ်တမ်း ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်း တစ်ကောင်းပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်