4.8
208,107
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

After Earth (2013)

Action, Adventure, Sci-Fi

Credits 200

ဂြိုလ်ပေါ်မှာ နေထိုင်တဲ့ လူသားတွေနဲ့ ကမ္ဘာမြေပေါ်က သတ္တဝါတွေရဲ့ စစ်ပွဲအကြောင်းဇာတ်ကားဖြစ်ပါတယ်။ ကီတိုင်လို့ခေါ်တဲ့ ကောင်လေးဟာ အဆင့်မြင့်တပ်ဖွဲ့က ဗိုလ်ချုပ်ရဲ့သားဖြစ်ပြီး ဗိုလ်လောင်းအဖြစ်ကနေ တပ်သားအဖြစ်အဆင့်တိုးဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့်သူ့မှာ ပန်းနာရင်ကြပ်ရှိတဲ့အတွက် လေ့ကျင့်ကွင်းမှာဆို မေ့လဲတတ်ပြီး တပ်သားအဖြစ် မတိုးခဲ့ပါဘူး။ကီတိုင်တို့နဲ့ စစ်ဖြစ်နေတဲ့ အကောင်တွေက ထူးဆန်းတဲ့ သဘာ၀ရှိတဲ့အကောင်တွေပါ။ သူတို့က လူသားတွေကို မမြင်နိုင်ကြပါဘူး။ အဲ့အစား လူသားတွေရဲ့ အကြောက်တရားကို အာရုံခံနိုင်ပြီး ကြောက်ရွံ့မှုခံစားရတာနဲ့ သူတို့က မြင်နိုင်ကြပါတယ်။ ကီတိုင်ရဲ့ အဖေ ဗိုလ်ချုပ်ဟာ အကြောက်တရားကင်းမဲ့ပြီး အဲ့အကောင်တွေကို သတ်နိုင်လို့ လေးစားခံရသူပါ။ကီတိုင်ကတော့ ငယ်စဉ်က အမဖြစ်သူဟာ သူ့ကိုအကောင်ကြီးရန်က ကာကွယ်ပေးပြီး ရင်ဆိုင်ရင်း အသက်ပေးလိုက်ရတဲ့အတွက် ကို့ယ်ကိုကိုယ်တစ်လျှောက်လုံး အပြစ်တင်လာတာပါ။ သူ့အဖေကို သူသူရဲဘောင်မကြောင်ဘဲ လုပ်နိုင်တာကို သင်သေပြချင်ခဲ့တာပါ။ ဖအေကတော့ သားကြောင့်သမီးဖြစ်သူကို ဆုံးရှုံးရသလိုဖြစ်ပြီး သူ့ကိုယ်သူစိတ်ဆိုးတာရောပေါင်းကာ ကီတိုင်ကို မယုံကြည်ချင်ပါဘူး။ နောက်တော့ ဇနီးဖြစ်သူဖြောင်းဖြမှုကြောင့် စစ်ဆင်ရေးတစ်ခုသွားတဲ့အခါ သားကိုပါ ခေါ်သွားပါတယ်။ ကံအကြောင်းမလှဘဲ ယာဉ်ပျံက လမ်းမှာ ဂြိုလ်သိမ်မုန်‌တိုင်းနဲ့ကြုံပြီး ပျက်ကျခဲ့ပါတယ်။ ယာဉ်ပေါ်ပါသူအကုန် အသက်ဆုံးသွားပြီး ဗိုလ်ချုပ်ကလဲ ခြေနှစ်ဖက်လုံး ကျိုးသွားတဲ့အတွက် ကီတိုင်ကို အချက်ပြမီး လွှတ်ဖို့ မစ်ရှင်ခိုင်းစေရပါတော့တယ်။အချက်ပြမီးက ပျက်ကျသွားတဲ့ ယာဉ်အမြီးပိုင်းမှာ ရှိတဲ့အတွက် ဗိုလ်ချုပ်က ကီတိုင်ကို အဲ့ကိုရောက်အောင် သွားခိုင်းပါတယ်။ လမ်းမှာ ကီတိုင်က ဘယ်လို အန္တာရာယ် ဘယ်လိုသတ္တဝါတွေနဲ့ ရင်ဆိုင်ရမလဲ၊ အချက်ပြမီးကို အောင်အောင်မြင်မြင်လွှတ်ပြီး ဖခင်ဖြစ်သူကို ကယ်တင်နိုင်ပါ့မလား၊ သူ့အမအတွက် ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကို ဖြေဖျောက်နိုင်ပြီး သတ္တဝါကြီးကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်