6.7
7,681
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

I Am a Hero (2015)

Action, Comedy, Horror

Credits 200

Imdb - 7.1/10 မင်္ဂလာပါ၊ Train to Busan ကို ကြည့်ရှုခဲ့ကြပြီးတဲ့ ပရိသတ်တွေအနေနဲ့... ထင်သလောက် စိတ်တိုင်းကျ ကျေနပ်မှု မရှိခဲ့ဘူ းဆိုရင်.. ခု I Am A Hero ဆိုတဲ့ Japanese Thriller ကားလေးကို ကြည့်ပြီး ထင်ကြေးလေး ပေးကြည့်ပါခင်ဗျ။ ပြည်တွင်း ပြည်ပ ရုပ်ရှင်ပွဲတော်တွေမှာ.. ဆုတွေ အလီလီ ဆွတ်ခူးခဲ့တဲ့ I Am A Hero Movie ဟာ .. TTB ( traintobusan) နဲ့ စာရင် CGI effect တွေ သာလွန်ကောင်းမွန်ပြီး Director Shinsuke Sato ဟာ... ခပ်ကြမ်းကြမ်း Thriller တွေ မွတ်သိပ်ဆာလောင်ကြတဲ့ ပရိသတ်ကြီးအတွက်... အပြောင်မြောက်ဆုံး ရိုက်ကူးပေးထားပါတယ်။ Zombie တွေကို တိုက်ခိုက်နှိမ်နင်းရတဲ့ Survival အမျိုးအစား တစ်ခုဖြစ်တာနဲ့ အညီ shotgun တစ်လက်နဲ့ ခေါင်းတွေ တဖြောင်းဖြောင်း ပစ်ခွဲပြမယ့် scene တွေကို သဘာဝကျကျ ရှုစားကြရမှာဖြစ်သလို Zombie တွေကို ပုံဖေါ်တဲ့နေရာမှာလဲ ခပ်ပေါပေါ zombie ကားတွေလို မဟုတ်ဘဲ မျက်လုံးအရောင်တွေ ညစ်မွဲမွဲနဲ့ သေသေချာချာ ဂရုတစိုက် ပြင်ဆင်ထားပေးတဲ့အတွက် အသေးစိတ်ကအစ သေသေသပ်သပ် စီစဉ်ဖန်တီးတတ်တဲ့ Director ရဲ့ အရည်အချင်းကို သတိပြုမိစရာတစ်ခု ဖြစ်ပါတယ်။ အဓိက ဇါတ်ဆောင် Hideo ရဲ့ အလုပ်ပြန်ချိန်နောက်ကျတဲ့ တစ်ရက်မှာ.. ကား အက်ဆီးဒင့် တစ်ခုက ဒါဏ်ရာအနာတရ ဖြစ်နေတဲ့သူတွေ... လည်ပင်းကြီးတွေ ကျိုးနေ စောင်းနေပါရက်နဲ့ ... စိလမ်းလျှောက်နေကြပုံတွေကို .. မြင်လိုက်ရတဲ့အချိန်က စလို့... ဇါတ်ကား စလယ်ဆုံး ပျင်းခန်းမရှိ ရအောင်... တစ်ဆက်တည်း ပရိသတ်ကြီးကိုဆွဲငင်ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။