5.1
9,555
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

Asterix & Obelix: The Middle Kingdom (2023)

Adventure, Comedy, Family

Credits 200

Asterix နဲ့ Obelix ဆိုတဲ့လူဝကြီးနဲ့ခေါင်းမှာအတောင်ပံနဲ့လူကာတွန်းကိုတော့အနည်းနဲ့အများတွေ့ဖူးကြမယ်လို့ထင်ပါတယ်။ဒီဇာတ်ကားလေးကတော့အဲ့ဒီကာတွန်းကားလေးကိုလူကားအဖြစ်ပြန်အသက်သွင်းထားတဲ့ဒုတိယဇာတ်ကားလေးပဲဖြစ်ပါတယ်။ထူးခြားချက်တစ်ချက်ကတော့ဒီကားထဲမှာကမ္ဘာကျော်ဘောလုံးသမားအေဘရာမိုဗစ်ကပါဝင်သရုပ်ဆောင်ထားတာပါပဲ။အော့စ်တီးရစ်နဲ့အိုဘီလစ်စ်တို့နှစ်ယောက်ကဂူးလ်လူမျိုးတွေဖြစ်ပြီးတစ်ကမ္ဘာလုံးကိုနယ်ချဲ့နေတဲ့ရောမတွေကိုပြန်တွန်းလှန်နေကြတာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူတို့ဆီကိုတရုတ်နိုင်ငံကမင်းသမီးတစ်ယောက်ရောက်လာခဲ့ပါတယ်။အကြောင်းအရင်းကတော့မင်းသမီးရဲ့မယ်တော်ဖြစ်တဲ့ဧကရာဇ်ဘုရင်မကြီးရဲ့ထီးနန်းကိုမတရားသိမ်းပိုက်ခံခဲ့ရတဲ့အတွက်ထွက်ပြေးလာခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့မင်းသမီးမတရားသိမ်းပိုက်ခံထားရတဲ့ထီးနန်းကိုအော့စ်တီးရစ်နဲ့အိုဘီလစ်တို့နှစ်ယောက်နဲ့အတူပြန်လည်သိမ်းပိုက်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်