7.6
34,595
...

Video Quality

Blu-ray 1080p

Audio Quality

DTS 1.0

File Size

4.3 GB

Credit

100

Romeo and Juliet (1968)

Drama, Romance

Credits 100

ဒီဇာတ်လမ်းလေးကတော့ အားလုံးကြားဖူးပြီးသားဖြစ်တဲ့ Romeo နဲ့ Juliet တို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ William Shakespear ရေးသားခဲ့တဲ့ အထင်ကရပြဇာတ်တစ်ပုဒ်ကို အခြေခံထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ Shakespear ရေးသားထားတဲ့အတိုင်း တစ်သဝေမတိမ်းသရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ပြောင်းထားတာ Dialogueတွေပြောင်းထားတာတောင် မရှိပဲနဲ့ Original Romeo and Juliet ပြဇာတ်အတိုင်း ရိုက်ကူးထားပါတယ်။ အဲ့တာကြောင့် ဒီဇာတ်ကားထဲမှာဆိုရင် Shakespear ရဲ့ပြေပြစ်လှတဲ့အရေးအသားတွေ၊ ဘာလို့ဒီပြဇာတ်က ဂန္တဝင်စာပေတစ်ခုဖြစ်ရတယ်ဆိုတာကိုသေချာမြင်တွေ့ရမှာပါ။ Dialogue တွေကရှေးခေတ်အင်္ဂလိပ်စကားအသုံးအနှုန်းတွေဖြစ်တာကြောင့် သိပ်မရင်းနှီးပေမယ့် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် Shakespear သုံးနှုန်းခဲ့တဲ့ စကားအသုံးအနှုန်းတွေအတိုင်းဘာသာပြန်ပေးထားပါတယ်။ ကျွန်တော့်အမြင်အနေနဲ့တော့ ဒီဇာတ်ကားလေးကကျွန်တော်ကြည့်ဖူးသမျှ Romeo and Juliet ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kyaw Khant Linn ဖြစ်ပါတယ်