5.0
40,466
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

8.7 GB

Credit

500

Happy New Year (2014)

Action, Comedy, Crime

Credits 500

ဒီဇာတ်လမ်းလေးကတော့ ကမ္ဘာ့ချန်ပီယမ်အကပွဲတော်ကို အသုံးချပြီး သူတို့ရဲ့ ချစ်ခင်ရတဲ့သူတွေအတွက် လက်စားချေတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူကို မူးယစ်ဆေးနဲ့ အကွက်ဆင်ပြီး ထောင်ကျအောင်လုပ်ခဲ့တဲ့ ရန်သူကို ဖမ်းပြီး ထောင်ချနိုင်ဖို့အတွက် ကြိုးစားနေတဲ့ ချာလီ။ အမေဖြစ်သူကို မကောင်းစကားပြောတာနဲ့ ဒေါသတန်းထွက်ပြီး တုံ့ပြန်တတ်တဲ့ ဂျက်။ မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်ပြီး အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို ကူညီဖို့ အသင့်ဖြစ်နေတဲ့ တမ်မီ။ ဆော့ဝဲလ်တွေ dataတွေကို အလွယ်လေး hacking လုပ်နိုင်တဲ့ တူဖြစ်သူ ပီတာ ။ ရန်သူရဲ့ သားဖြစ်သူနဲ့တစ်ဌေရာတည်း တူနေပြီး အမေဖြစ်သူခွဲစိတ်ခအတွက် ငွေရှာဖို့ ဒီအဖွဲ့ထဲကို ဝင်လိုက်တဲ့ နန်ဒူနဲ့ ကမ္ဘာ့ချန်ပီယမ်ပွဲတော် (WDC)မှာ ယှဉ်ပြိုင်နိုင်အောင် ဒီလူငါးယောက်ကို ထိန်းချုပ်မယ့် အကဆရာမလေး မိုဟီနီ။ သူတို့ခြောက်ယောက်ပေါင်းပြီး ရန်သူကို ဘယ်လိုမျိုး အောက်ကို ဆွဲချမလဲ လုံခြုံရေးအပြည့်ရှိတဲ့ စိန်တုံးတွေကိုကော ဘယ်လိုခိုးမလဲ ဒါ့အပြင် ဟာသနဲ့အက်ရှင်ရောထားတဲ့အတွက် လုံးဝကို စိတ်ဝင်စားမှုအပြည့်ပေးနိုင်မယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။