ကိုရီးယား ဇာတ်ကားကောင်း တကားဖြစ်ပါတယ်… အမျိုးသမီး (၁၇) ယောက်ကို သတ်ဖြတ်ခဲ့တဲ့ တရားခံ ကို ၁၅ နှစ်တိတိ ကြာပြီးမှ ပြန်လည်ဖော်ထုတ်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်… ဘာကြောင့် ၁၅ နှစ်ကြာမှ ဖော်ထုတ်ရတာလဲ …
တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ ၁၅ နှစ်တခါ အုပ်ချုပ်ရေးစနစ် ပြောင်းလဲပါတယ်… ဒါကြောင့် အုပ်ချုပ်ရေးစနစ် တခါပြောင်းလဲတိုင်း မဖော်ထုတ်နိုင်တဲ့အမှုတွေအကုန် ပိတ်ပစ်တဲ့စနစ်ကို ကျင့်သုံးပါတယ်…
လူသတ်မှုတွေ မဖော်ထုတ်နိုင်ပဲ ၁၅ နှစ် ကြာခဲ့ပြီးနောက်မှာတော့ လူသတ်မှုတွေအကြောင်း အံ့သြစရာကောင်းလောက်အောင် တိတိကျကျ ရေးသားထား
တဲ့စာအုပ် ထွက်ပေါ်လာခဲ့တယ်… စာရေးသူ က သူဟာ လူသတ်သမားပါလို့ အတိ့အလင်းဝန်ခံတယ်… ဒါပေမယ့် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေလဲ မရှိသလို ဒီလူသတ်မှုတွေကို စုံစမ်းထောက်လှမ်းခဲ့တဲ့ အရာရှိကလဲ လုံးဝလက်မခံခဲ့ဘူး…ဒီကြားထဲမှာ မထင်မှတ်ပဲ အသတ်ခံရသူတွေရဲ့ မိသားစုတွေက လူသတ်သမား ကို ပြန်ပြေးစွဲကြပြန်တယ်…
နောက်ဆုံးမှာတော့ ရုပ်သံလွှင်ကုမ္မဏီတခုကနေပြီးတော့ လူသတ်သမား နဲ့ အမှုကိုအစအဆုံးလိုက်ခဲ့တဲ့ အရာရှိ တို့ ၂ ယောက်ကို စကားစစ်ထိုးစေခဲ့ရင်းကနေ နောက်ထပ် လူသတ်သမား ပါဆိုတဲ့ လူတယောက်ထွက်ပေါ်လာရာမှ –
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Hein Htet Naing ဖြစ်ပါတယ်