6.5
5,388
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

100

My Father is a Hero (1995)

Action, Crime, Drama

Credits 100

လူတွေကပြောကြတယ်ကျွန်တော့်အဖေကသူခိုးဂျပိုး ဒုစရိုက်သမားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အိုအစုံပါ ပဲကျောင်းမှာဆိုလည်းသူငယ်ချင်းတွေကကျွန်တော့်ကို ပြောကြတယ်ကျွန်တော်ကလူဆိုးတစ်ယောက်ရဲ့သားတဲ့အဲလိုပြောခံရတဲ့အခါကျွန်တော်အရမ်းစိတ်မကောင်း ဖြစ်ရသလိုအရမ်းလည်းနာကျင်ခံစားရတယ်ဒေါသ လည်းထွက်မိတယ်ကျွန်တော့်အဖေသာဒုစရိုက်သမား အစစ်အမှန်ဆိုကျွန်တော်တို့မိသားစုချမ်းချမ်းသာသာနေနေရမှာပေါ့သာယာနေမှာပေါ့ခုတော့ကျွန်တော့်ရဲ့အမေကလူမမာရောဂါသည်ဆေးရုံလေးတစ်ခါ တောင်မသွားနိုင်ရှာဘူးအဖေကလည်းအပြင်ခဏခဏ သွားနေရတယ်ကျွန်တော်တို့နဲ့အတူတူသိပ်မနေနိုင်ရှာဘူးအဖေဘယ်လောက်ထိအလုပ်များနေလဲဆိုရင်ကျွန် တော်လူရည်ချွန်ဆုတွေရတုန်းကတောင်အခမ်းအနား ကိုအဖေမတက်နိုင်ရှာဘူးအမေနဲ့ကျွန်တော်ပဲတက်ခဲ့ရတာဒါပေမယ့်အဖေရယ်အမေရယ်အတူတူရှိနေတဲ့အ ချိန်ဆိုရင်ကျွန်တော်အရမ်းပျော်တာအဖေရယ်ကျွန် တော်ရယ်မနက်စောစောဆိုအတူတူရေငုပ်ပြိုင်ကြတယ် မျက်နှာသစ်သွားတိုက်ကြတယ်တစ်နေ့တော့အဖေ့ကိုရဲတွေဖမ်းသွားကြတယ်အဖေမကောင်းမှုလုပ်ထားတာမို့ရဲတွေဖမ်းသွားတာလို့ရပ်ကွက်ကလူတွေကောကျောင်းကလူတွေကောပြောကြတယ်ဒါပေမယ့်ကျွန်တော့်မှာယုံကြည်ချက်တစ်ခုရှိတယ်ကျွန်တော့်အဖေဟာဘယ် သောအခါမှမကောင်းမှုကိုမလုပ်ဘူးသူများအပေါ်မတရားမလုပ်တတ်ဘူးရိုးသားတဲ့လူလို့ကျွန်တော်ယုံတယ် ဘယ်သူတွေဘာပဲပြောပြောဖေဖေဟာကျွန်တော့်အ တွက်ထာဝရသူရဲကောင်း ဖိုက်တင်းပါဖေဖေရေ လူတွေကိုဂရုမစိုက်နဲ့