6.7
118
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.1 GB

Credit

500

Justice League: Crisis on Infinite Earths - Part Two (2024)

Animation, Action, Adventure

Credits 500

ငြိမ်သက်နေတဲ့ DC‌ Universe ကြီးကိုနောက်တစ်ခါပြန်လှုပ်နှိုးပေးလိုက်တဲ့ Justice League : Crisis On Infinite Earth Part Two ကိုတင်ဆက်ပေးလိုက်ပါပြီ။IMDb Rating အနေအထားအရတော့ Part One မှာ 6.3 အထိရရှိထားပြီး Part Two ကလောလောဆယ်မှာတော့ 5.5 အထိသာရရှိထားသေးပါတယ်။ဒါပေမယ့်လဲ DC Fan တွေအတွက်ကတော့ Rating တွေကိုထည့်တွက်နေစရာမလိုပဲစိတ်ဝင်စားစရာကောင်းတဲ့ကားတစ်ကားဖြစ်စေမှာတော့အမှန်ပါပဲ။ ဇာတ်လမ်းထဲမှာ Part One ကအဆက်အနေနဲ့စကြ၀ဠာကြီးထဲကကမ္ဘာအနှံ့မှာပြန့်ကျဲနေတဲ့ Justice League သူရဲကောင်းတွေအပြင် စကြ၀ဠာကြီးထဲကဖြစ်ရပ်ဆိုးတွေအားလုံးကိုစောင့်ကြည့်ပေးနေရတဲ့စောင့်ကြည့်သူ(Monitor) နဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့စိတ္တဇပင်လယ်ဓားပြ(Psycho Pirate) တို့ကိုတစ်လှည့်စီတွေ့ရမှာဖြစ်ပါတယ်။စောင့်ကြည့်သူရဲ့တာဝန်ကကမ္ဘာတွေဆိုးဆိုးဝါးဝါးပျက်စီးတာကိုကြားဝင်မစွက်ဖက်ပဲစောင့်ကြည့်ပေးနေရတာဆိုပေမဲ့ ခရစ်ပ်တွန်ဂြိုလ်ကစူပါဂဲလ်သူ့ယာဉ်ပေါ်ရောက်လာပြီးနောက်ပိုင်းမှာတော့သူ့အတွက်အရာအားလုံးကပြောင်းလဲသွားပြီး ကမ္ဘာအားလုံးကိုပျက်စီးစေမဲ့ဖျက်ဆီးရေးလှိုင်းအန္တရာယ်ကိုသူကိုယ်တိုင်ကြားဝင်ပြီးတားဆီးပေးဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာတော့စကြ၀ဠာကြီးရဲ့အနာဂတ်ကဘယ်လိုပြောင်းလဲသွားမလဲ တကယ်တမ်းဒီဇာတ်လမ်းရဲ့ဗီလိန်ကရောဘယ်သူဖြစ်နေမလဲဆိုတာတွေကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်