6.1
18,337
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

6.1 GB

Credit

500

The Kid Who Would Be King (2019)

Action, Adventure, Family

Credits 500

Merlin စီးရီးတွေကို ကြည့်ဖူးတဲ့လူတိုင်းဒီကားလေးကိုစိမ်းမယ်မထင်ပါဘူး…ပုံပြင်တွေထဲက King Arthur နဲ့ ကျောက်တုံးထဲ စိုက်ဝင်နေတဲ့ Excalibar ဓားကို လူတိုင်းကြားဖူးကြမှာ အသေအချာပါပဲ။ The kid who would be king (2019) က အဲဒီပုံပြင်ထဲကလို Excalibar ဓားကို ဆွဲထုတ်နိုင်ခဲ့တဲ့ ကလေးရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတဲ့Adventure , Action , Family ဇာတ်ကားလေးပါ။ King Arthur က ကျောက်တုံးထဲက ဓားကိုဆွဲထုတ်ပြီးတော့ ဗြိတိန်ရဲ့ ဘုရင်ဖြစ်လာပြီး မွေးစားညီမဖြစ်သူ Morgana ရဲ့လက်က ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Morgana က နယ်မြေတွေအစိတ်စိတ်ကွဲ လူတွေ မျှော်လင့်ချက်မဲ့ပြီး ခေါင်းဆောင်မဲ့နေတဲ့အချိန် ပြန်လာမယ်လို့ ကျိန်စာဆိုခဲ့ပါတယ်။ Arthur ကလည်း အဲဒီအချိန်မှာ Excalibar ပြန်ပေါ်လာပါစေလို့ သစ္စာပြုခဲ့တယ်။ ၁၂ နှစ်အရွယ် မူလတန်းကျောင်းသားလေး Alex ရဲ့ ခေတ်မှာ Excalibar က ပြန်ပေါ်လာပြီးတော့ Morgana ကလည်း ပြန်အင်အားကောင်းလာပါတယ်။ ဓားကိုဆွဲထုတ်နိုင်ခဲ့တဲ့ ဘုရင်လေး Alex က Morgana လို အစွမ်းထက်တဲ့ စုန်းမကို ဘယ်လို ပြန်ပြီးတိုက်ခိုက်တယ်ဆိုတာ ကြည့်ရမှာပါ။ King Arthur ပုံပြင်တွေမှာ မပါမဖြစ်တဲ့ Merlin ကလည်း ဘယ်လို မှော်ပညာတွေနဲ့ အထောက်အပံ့ပေးသွားမယ်ဆိုတာကို ကြည့်ရမှာပါ။