7.9
280,280
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.7 GB

Credit

100

Crouching Tiger, Hidden Dragon (2000)

Action, Adventure, Drama

Credits 100

ဒီကားမှာတော့ ဝူတန်သိုင်းသမားတစ်ယောက်ဖြစ်တဲ့ လီမူဘိုင်ဟာ သိုင်းသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ တစ်ဖက်မှာလည်း သူ့ရဲ့ဆရာကို သတ်သွားတဲ့ ကျောက်စိမ်းမြေခွေးဆိုတဲ့သူကို လက်စားချေချင်စိတ်ကလည်း ရှိနေပါသေးတယ် အနားယူတော့မယ်ဆိုတဲ့သဘောနဲ့ သူ့ရဲ့ ကျောက်စိမ်းကံကြမ္မာဆိုတဲ့ လက်စွဲတော်ဓားကို သူ့သူငယ်ချင်း ရှုလျန်ကနေတဆင့် သူ့ရဲ့ဆရာတစ်ဦးဖြစ်တဲ့ ဆရာတီဆီကို ပေးခိုင်းလိုက်ပါတယ် ဒါပေမဲ့ ရှုလျန်က ဆရာတီနေတဲ့ ပီကင်းကိုရောက်တဲ့ညမှာပဲ အဲဒီဓားဟာ အခိုးခံလိုက်ရပါတော့တယ် လီမူဘိုင် ပီကင်းကို ရောက်လာပြီးနောက်မှာတော့ ဓားသူခိုးကို လိုက်ရှာရင်း ကျောက်စိမ်းမြေခွေးရဲ့ အစအနကို ရလိုက်ပါတော့တယ် အဲဒီလိုနဲ့ အနားယူဖို့ ဆုံးဖြတ်ထားတဲ့ လီမူဘိုင်ဟာ ဆရာ့အတွက် လက်စားချေချင်စိတ်ကြောင့် သိုင်းလောကထဲကို ပြန်ဝင်လာပါတော့တယ် ဓားသူခိုးက ဘယ်သူဖြစ်နေတာလဲ၊ ကျောက်စိမ်းမြေခွေးကိုရော ဖမ်းနိုင်ပါ့မလား၊ လီမူဘင်ဟာ သိုင်းလောကကနေ အနားယူနိုင်ပါ့ဦးမလားဆိုတာတွေကိုတော့ ဒီ၂၀၀၀ခုနှစ်ထုတ် ဟောင်ကောင်ကားလေးမှာ ဆက်လက်ရှုစားပေးကြပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်