5.7
3,177
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

American Traitor: The Trial of Axis Sally (2021)

Drama, History, War

Credits 200

ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်ရပ်မှန်တစ်ခုကိုပြန်လည်ရိုက်ကူးထားတဲ့ American Traitor: The Trial of Axis Sally ဆိုတဲ့ဇာတ်ကားလေးကို ၂၀၂၁ခုနှစ် မေလ ၂၈ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ ဂျာမနီကစတင်လိုက်တဲ့အင်အားကြီးအာဏာရှင် နယ်ချဲ့နာဇီ၀◌ါဒကြောင့် အင်္ဂလန်ဦးဆောင်တဲ့ တရားမျှတမှုကိုလိုလားတဲ့အရင်းရှင်နိုင်ငံတွေဟာ ဂျာမနီကိုတိုက်ခိုက်ဖို့ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့ပါတယ်။ ဒီစစ်ပွဲမှာ လက်နက်ရောင်း၀◌ယ်ထောက်ပံ့ရေးနဲ့အင်အားကြီးခါစနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာလည်း အင်္ဂလန်နိုင်ငံဘက်ကနေ ဂျာမနီကိုပါ၀◌င်တိုက်ခိုက်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံဟာစစ်ပွဲအောင်နိုင်ဖို့ တစ်ဖက်မှာအရေးသာနေတဲ့အရင်းရှင်နိုင်ငံတွေထဲက အမေရိကန်ကိုဖယ်ထုတ်ရန်အတွက် ၀◌ါဒဖြန့်ချိရေးယန္တရားကိုစတင်ခဲ့ပါတယ်။ ဒီယန္တယားအတွက်ဓားစာခံဖြစ်လာတာကတော့ ဂျာမနီနိုင်ငံရောက်အမေရိကန်အမျိုးသမီး အနုပညာရှင် မိုင်ဒရတ်ဂီလာပဲဖြစ်ပါတယ်။ မိုင်ဒရတ်ဂီလာဟာ ဂျာမနီလူမျိုး မက်စ်အိုတိုကိုအိချ်၀◌တ်ဇ် နဲ့လည်းချစ်သူတွေဖြစ်နေကြပါတယ်။ မက်စ်ဟာ ဂျာမနီ၀◌ါဒဖြန့်ချိရေးအစီအစဥ◌်ရဲ့ဇာတ်ညွှန်းရေးသူတစ်ဦးဖြစ်တဲ့နည်းတူ မိုင်ဒရတ်ဟာလည်းဂျာမနီမှာနေထိုင်တဲ့ သူ့ဘ၀ရှင်သန်ရေးအတွက်၀◌ါဒဖြန့်ချိရေးအစီအစဥ◌်မှာ အဓိကအဖြစ် ပါ၀◌င်လာခဲ့ရပါတော့တယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံကစစ်နိုင်သွားတဲ့အခါမှာတော့ မိုင်ဒရတ်ဟာဂျာမနီ၀◌ါဒဖြန့်ချိရေးမှာ ပါ၀◌င်ခဲ့တဲ့အကျိုးဆက်အဖြစ် အဖမ်းခံရပြီးကြိုးပေးဖို့တရားစွဲဆိုခံခဲ့ရပါတော့တယ်။ မိုင်ဒရတ်အတွက်ခုခံချေပပေးမယ့်ရှေ့နေဖြစ်သူ ဂျိမ်းစ်လက်ဖ်လင်ဟာလည်းနာမည်ဆိုးရှိတဲ့သူဖြစ်ပြီး သူကိုယ်တိုင်ကလည်း နိုင်ငံတော်သစ္စာဖောက်ဖြစ်နေတဲ့မိုင်ဒရတ်အတွက် အလုပ်လုပ်မပေးချင်ပါဘူး။ ဒါပေမယ့် ဂျိမ်းစ်ရဲ့စိတ်ကိုပြောင်းလဲပေးနိုင်မယ့် အလုပ်သင်အူတူတူရှေ့နေလေး ဘိုင်လီအို၀◌င်ရောက်လာတဲ့အချိန်မှာတော့... နိုင်ငံတစ်နိုင်ငံရဲ့အကြီးဆုံးရာဇ၀◌တ်မှုဖြစ်တဲ့နိုင်ငံတော်သစ္စာဖောက်အဖြစ်စွတ်စွဲခံရတဲ့ မိုင်ဒရတ်ဂီလာအတွက် ခုခံချေပချက်တွေ၊ လျှောက်လဲချက်တွေကတော့တကယ်စိတ်၀◌င်စားဖို့လည်းကောင်း ဗဟုသုတလည်းရပြီး သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်တဲ့အတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။