7.8
238,590
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.3 GB

Credit

500

Little Women (2019)

Drama, Romance

Credits 500

ဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီး ရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။ မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။ မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee Chalamet, Meryl Streep နဲ့အခြား ဆရာ့ဆရာကြီးတွေပါဝင်ထားပါတယ်။cast နာမည်နဲ့တင် ဖျားလောက်စရာကောင်းသလိုအော်စကာ ၆ ဆု ဆန်ကာတင်တာလည်းလွန်တယ်မထင်ပါဘူး။